images
UN
UN
မန္တလေးတိုင်းဒေသကြီး ခရိုင် မြို့နယ်နှင့်ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် စကားဝိုင်းဆွေးနွေး
သုတ(မန္တလေး) Saturday, 11 May 2019
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးဌေးဝင်း၏ နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ် ကွက် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၏ စကားဝိုင်းဖွဲ့ တွေ့ဆုံမှုတစ်ရပ်ကို ယနေ့နံနက် ၁ဝနာရီမှ ၁၁နာရီအထိ ပြုလုပ်ခဲ့ သည်။
ထိုသို့တွေ့ဆုံရာတွင်တိုင်းဒေသ ကြီးပါတီကော်မတီဝင်မန္တလေးခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင် မီဒီယာတာဝန်ခံ ဦးကျော်စန်းတို့ က ပါတီမှလက်ရှိ ဆောင်ရွက်နေ သောလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်ခဲ့မှုများ၊ ပါတီမှ ဆက်လက်ဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် အောင်မြေသာစံမြို့ နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် ဘုန်းတော်တိုးရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးဌေးဝင်းတို့က နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ပါတီလုပ် ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများ တင်ပြဆွေးနွေးခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာသို့မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင် များဖြစ်ကြသောဦးမျိုးမြင့်၊ဦးကျော် စန်း၊ မန္တလေးခရိုင် ပါတီကော်မတီ ဝင် ဦးညီညီမင်း၊ အောင်မြေသာစံ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက် ပါတီဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များအပါအဝင် စုစု ပေါင်း အင်အား၅ဝတက်ရောက်ခဲ့ ကြောင်း သိရသည်။