images
UN
UN
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ ပေါက်ခေါင်းမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြော
WT Saturday, 11 May 2019
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာဆွေးနွေးပွဲကို ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူဦးအောင်ချိုဦး နှင့် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုပေါင်း ၅၈ အုပ်စုမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်သူ ၉ဝဝ ကျော်တက်ရောက်ခဲ့သည်။