images
UN
UN
ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိသားစုများအား ကူညီထောက်ပံ့
ရိုးဆန်း Saturday, 11 May 2019
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မန္တလေးခရိုင်ကော်မတီဝင် ဦးထွန်းထွန်း၊ မြို့နယ်ပါတီနာယက ဦးလှ သောင်၊ ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ ဘဏ္ဍာ ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ကော်မတီဝင် ဦးကျော်မြိုင်(နယ်မြေမှူး)၊ ဦးကြည်ထွန်း၊ ဦးမြင့်ထွေးတို့သည် ယနေ့နံနက်က သမ္မ တောကျေးရွာ ကျေးရွာပါတီခေါင်းဆောင် ဦးသောင်းလွင်၏ နေအိမ်တွင် ကျေးရွာ ပါတီ အမှုဆောင်များ၊ ရပ်မိရပ်ဖများနှင့် မီးဘေးသင့်မိသားစု ၁၉ စုမှ မိသားစုဝင် များအား တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှေးဦးစွာ ဦးလှသောင်က မိတ်ဆက်စကား ပြော ကြားခဲ့ပြီး ဦးဆွေသန်းက လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။ ဦးဝင်းနိုင်က ကူညီထောက်ပံ့ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးကျော် မြိုင်က အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပါတီနှင့် မြို့နယ် ပါတီတို့ ပူးပေါင်း၍ တစ်အိမ်ထောင်စု လျှင် ကျပ်နှစ်သောင်းနှုန်းကို တာဝန်ရှိသူ များမှပေးအပ်ခဲ့ရာ မီးဘေးသင့်မိသားစု များက လက်ခံရယူခဲ့သည်။ ဤသို့ပြု လုပ်ပေးခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ အား ကျေးရွာမှ ကျေးဇူးတင်ရှိကြောင်း သိရသည်။