images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့ကျန်းမာရေးကူညီစောင့်ရှောက်မှုအဖွဲ့ အောင်လံမြို့နယ် သမ္ဘူလကျေးရွာတွင် ဆေးကုသ
Saturday, 11 May 2019
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ် ဦးဆောင်သော ဆေးကုသရေးအဖွဲ့မှူး ဒေါက်တာ ချမ်းငြိမ်းအောင်၊ ဒေါက်တာရဲရန်အောင်၊ အထွေထွေခွဲစိတ်ဆရာဝန် ဒေါက်တာနေမျိုးခိုင်၊ အထက်တန်းသူနာပြု ဦးအောင်ကိုဦး၊ ဦးသန်းလွင် ကျန်းမာရေးကြီးကြပ်(၁)(ငြိမ်း)၊ ဆရာမကြီး ဒေါ်ခင်မာရီ ကျန်းမာရေးမှူး (အဆင့်-၁)(ငြိမ်း)၊ ဒေါ်ခင်ဥ သားဖွားဆရာမကြီး(ငြိမ်း) တို့ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်က အောင်လံမြို့နယ် သမ္ဘူလကျေးရွာတွင် ဒေသခံပြည်သူ ၃၅ဝ ခန့်အား ကျန်းမာရေးဆေးကုသပေးခဲ့ကြသည်။အဆိုပါ ဆေးကုသရေးအဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ်၊ အောင်လံမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူးဦးခင်ဆွေ နှင့် ပါတီဝင်တို့က ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့သည်။