images
UN
UN
ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ အမြန်အတည်ပြုနိုင်ရေးဟောပြော
အောင်အောင်(နေပြည်တော်) Saturday, 11 May 2019
ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ယနေ့ နံနက် ၈နာရီတွင် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) မပြင် ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ကို ဥပဒေ နှင့်အညီ အမြန်အတည်ပြုပေး နိုင်ရေး ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီ ဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့သည်။ထို့နောက် ပုဗ္ဗသီရိမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်က (၂ဝဝ၈)ဖွဲ့ စည်းပုံအခြေခံဥပေဒအကြောင်းရှင်း လင်းပြောကြားခဲ့ပြီး ပါတီဝန်းရံသူ ဦးကျော်ခိုင်က ပုဒ်မ ၅၉(စ)မပြင် ဆင်ရေးနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ပုဗ္ဗသီရိမြို့နယ် ကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေ က ပုဒ်မ ၂၆၁အား ဥပဒေနှင့်အညီ အမြန်ဆုံးအကောင်အထည်ဖော် အတည်ပြုပေးနိုင်ရေးတို့ကို ရှင်း လင်းပြောကြားခဲ့သည်။ ယင်း နောက် ဇာတိမာန်သီချင်းအား တက်ရောက်လာသူများကသံပြိုင် သီဆိုခဲ့ကြပြီးြေ<ွကးကြော်သံများ ဖြင့် အခမ်းအနားအားနံနက် ၉နာရီ ခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။ အခမ်းအနားသို့ ပြည် ထောင်စုနယ်မြေနေပြည်တော်ခရိုင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များ၊ ပြည်သူလူထုများဖြင့် စုစုပေါင်း အင်အား ၇ဝဝခန့်တက်ရောက်ခဲ့ ကြကြောင်း သိရသည်။