images
UN
UN
မြိတ်မြို့၌မူးယစ်ဆေးဝါးများကို ရောင်းချသုံးစွဲနေသူတစ်ဦးထံမှ WY စိတ်ကြွရူး သွပ်ဆေးပြား ၄၅၅၅ ပြားနှင့် ဘိန်းမှုန့်နှစ်ထုပ် ဖမ်း ဆီးရမိ
မြင့်ဦး(မြိတ်) Sunday, 12 May 2019
တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့ကလွင်ကျေးရွာအုပ်စုတက္ကသိုလ် ရပ်ကွက် ရွှေဈေးလမ်းရှိ နေအိမ် အခန်းအတွင်းမူးယစ်ဆေးဝါးများ အား လက်ဝယ်ထားရှိရောင်းချ သုံးစွဲနေကြောင်းသတင်းအရသွား ရောက်ရှာဖွေ့ခဲ့ရာမှ WY စိတ် ကြွရူးသွပ်ဆေးပြား ၄၅၅၅ ပြား နှင့် ဘိန်းစာမှုန့်နှစ်ထုပ်နှင့် ဆက် စပ်ပစ္စည်းများနှင့်အတူ အမျိုးသား တစ်ဦးအား ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြိတ်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မျိုးအောင် နှင့်အဖွဲ့သည်သက်သေများနှင့် အတူ မြိတ်မြို့ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်ကွက် ရွှေဈေးလမ်း ရှိ တိုက်ခန်းအမှတ်(၂)တွင်ငှားရမ်း နေထိုင်သော မင်းမင်း(ခ)ဝဏ္ဏ၏ နေအိမ်အခန်းအတွင်းမူးယစ်ဆေး ဝါးများအားလက်ဝယ်ထားရှိရောင်း ချသုံးစွဲနေကြောင်း သတင်းအရ ယခုလ၁ဝရက် ညနေ ၆ နာရီခွဲခန့် မြို့နယ်ရဲတပ်ဖွဲ့မှူးထုတ်ပေးသော မူးယစ်ဖမ်းဝရမ်းအမှတ်(၄၅/၂ဝ၁၉) ဖြင့်သွားရောက်ရှာဖွေခဲ့ရာ မင်းမင်း (ခ)ဝဏ္ဏအားနေအိမ်အခန်းအပေါ် ထပ်တွင်တွေ့ရှိပြီး၎င်း၏ခန္ဓာကိုယ် နှင့်နေအိမ်အခန်းအတွင်းသက်သေ များနှင့်အတူရှာဖွေရာ ၄င်းအိပ် သည့်အိပ်ရာခေါင်းရင်းယာဘက် ခြမ်းမှပလတ်စတစ်အကြည်ဖြင့် ထုပ်ထားပြီး အဝါရောင်မှိုင်းခံစက္ကူ ဖြင့်ပတ်ထားသည့် ၄င်းအတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား၎ဝဝဝ၊ အိပ်ရာခေါင်းရင်ဝဲဘက်ခြမ်းမှ Za- ki စာတန်းပါရွှေရောင်ဘူးအတွင်း မှ WY စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅ ပြား စုစုပေါင်း WY စိတ်ကြွ ရူးသွပ်ဆေးပြား ၄၅၅၅ ပြား အလေးချိန် သုည ဒသမ ၄၅၅၅ ကီလိုဂရမ် ကာလတန်ဖိုးငွေကျပ် ၂၂၇၇၅ဝဝဝ၊ ဘိန်းစာမှုန့် ထုပ် နှစ်ထုပ် အလေးချိန် သုည ဒသမ ၁ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၁ဝဝဝဝနှင့်ဆက်စပ်ပစ္စည်းများနှင့် အတူနေအိမ်ခန်းရှေ့တွင် ရပ်ထား သည့် မော်တော်ယာဉ်တစ်စီးတို့ အား ရှာဖွေ့တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအားလက်ဝယ် ထားရှိရောင်းချသုံးစွဲသူ မင်းမင်း (ခ)ဝဏ္ဏ (၃၈နှစ်) နတ်သျှင်နောင် လမ်း ရွှေပြည်သာရပ်ကွက် ကော့ သောင်းမြို့နေသူအား မြိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁ဝ၅/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။