images
UN
UN
ငွေကျပ်သိန်း ၇၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 12 May 2019
ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့တွင် တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ ယမန်နေ့က ငွေကျပ်သိန်းပေါင်း ၇၉ဝဝ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို တောအတွင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မဘိမ်းမြို့မ ရဲတပ်ဖွဲ့စခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၆ နာရီခွဲက မဘိမ်းမြို့နယ် ငါးအိုး ရဲကင်းစခန်းတွင် ရဲအုပ်အောင်ကြီး ရဲကင်းမှူး တာဝန်ထမ်းဆောင် နေစဉ် ဒေသခံ တာဝန်သိပြည်သူ တစ်ဦးက ငါးအိုးကျေးရွာနှင့် မဘိမ်းမြို့ ကားလမ်းအရှေ့ဘက် တောအတွင်း မသင်္ကာဖွယ်ရာ ပီနံ အိတ်များ တွေ့ရှိကြောင်း လာ ရောက်ဆက်သွယ်သတင်းပို့မှု ကြောင့် ရဲအုပ်အောင်ကြီးနှင့် ရဲတပ် ဖွဲ့ဝင်များ၊ ဒေသခံအသိသက်သေ များနှင့် ပူးပေါင်းကာ သတင်းရ သည့်အရပ်သို့ သွားရောက်စစ်ဆေး ရာ ပီနံအိတ်များဖြင့် ထည့်လျက် ရောင်စုံဆပ်ပြာခွက် ၁၇ဝ၆ ခွက် အတွင်းမှ ကာလတန်ဖိုးငွေကျပ် ၃၂၄၁၄ဝဝဝဝ ရှိ ဘိန်းဖြူအမှုန့် အလေးချိန်၁၇ ဒသမ ဝ၆ ကီလို ဂရမ်၊ အဖြူရောင်ပီနံအိတ်အတွင်းမှ အပြာရောင်ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်လျက် ကာလ တန်ဖိုးငွေကျပ်သိန်းပေါင်း ၄၆၈ဝရွှိWY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၄ဝဝဝ တို့နှင့် အဖြူရောင်ပီနံအိတ်အတွင်းမှမြန်မာ ငွေကျပ် ၂ဝ၃သိန်းတို့ကို ပိုင်ရှင်မဲ့ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါး များအား ဖြန့်ဖြူးရောင်းချရန် လျှို့ဝှက်တောအတွင်း သိမ်းဆည်း ထားသူအား စုံစမ်းဖော်ထုတ်ပေး နိုင်ရေး ရဲအုပ်အောင်ကြီးက တရား လိုပြုတိုင်ကြားရာ မဘိမ်းမြို့မ ရဲ တပ်ဖွဲ့စခန်းမှ မယ(ပ)၃၇/၂ဝ၁၉၊ မူး/စိတ် ပုဒ်မ၁၉(က))၂ဝ(က) တို့ဖြင့်ဖွင့်လှစ်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မဘိမ်းမြို့မ ရဲတပ်ဖွဲ့ စခန်းမှ သိရသည်။