images
UN
UN
ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ဥပဒေနှင့်အညီပြင်ဆင်ရေး ဆန္ဒဖော်ထုတ်
မောင်မောင်ဝင်း Sunday, 12 May 2019
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၌ ယနေ့နံနက် ၈ နာရီတွင် ဒေသခံပြည်သူများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ကို ဥပဒေနှင့်အညီ အမြန်ပြင်ဆင်ရေးအတွက် စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ယင်းမာပင်မြို့ တောင်ဘက်R1 ရေကန်ဘက်မှ စတင်ချီတက်ခဲ့ပြီး မြို့အရှေ့ဘက် မိုးကုတ် ဝိပဿနာကျောင်းရှေ့ထိ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသော ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ပြင်ဆင်ရေးကို ဥပဒေနှင့်အညီ ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၆၁ ကို ဥပဒေနှင့်အညီ အမြန်ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ကို ကာကွယ်စောင့်ရှောက်ရေးစသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြပြီး စုစုပေါင်းအင်အား ၇ဝဝ ကျော်တက်ရောက်ကာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ငြိမ်းချမ်းစွာပြီးဆုံးခဲ့ကြောင်း သိရသည်။