images
UN
UN
ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကျင်းပမည်
မောင်ပြည်သူ(မန္တလေး) Monday, 13 May 2019
၂ဝ၁၉ ခုနှစ် ကမ္ဘာ့သွေးတိုး ရောဂါနေ့အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲနှင့်ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲကို ယခုလ ၁၇ရက် နံနက် ၅ နာရီမှ ၈ နာရီခွဲ အထိကျင်းပသွားမည်။စုပေါင်းလမ်း လျှောက်ခြင်းကို နံနက် ၅ နာရီတွင် ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၇၁လမ်းထောင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့ တွင် စုရုံး၍ ၂၆လမ်းအတိုင်း ၆၆ လမ်းအထိ၊ ထိုမှလာလမ်းအတိုင်း ပြန်လာပြီး ၂၆ လမ်းနှင့် ၇၁လမ်း ထောင့်မှ ၇၁ လမ်းအတိုင်း ဗထူး အားကစားကွင်းသို့ လမ်းလျှောက် ကြမည်ဖြစ်ပြီး ဗထူးကွင်းတွင် Zumba Exercise ကိုယ်လက်လှုပ် ရှားမှုအစီအစဉ်ကို ပျော်ပျော်ရွှင်ရွှင် စုပေါင်းကစားကြမည်ဖြစ်သည်။
ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်များအပြီးတွင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနမှပါမောက္ခ ဒေါက်တာကျော်စိုးဝင်းကသွေးတိုး ရောဂါနှင့်ပတ်သက်၍ သိမှတ်ဖွယ် ရာများကျန်းမာရေးပညာပေးဟော ပြောခြင်း၊ သွေးတိုးရောဂါအတွက် သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချို ရောဂါအတွက်သွေးအတွင်းသကြား ဓာတ်တိုင်းတာပေးခြင်း၊ ခန္ဓာကိုယ် အလေးချိန်၊ အသက်၊ အရပ်အမြင့် ကိုက် ညီမှုရှိ/မရှိ BMI တိုင်းတာ စစ်ဆေးခြင်းများ အခမဲ့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။