images
UN
UN
ဘုရားသုံးဆူမြို့၌ မြေနေရာနှင့်ပတ်သက်၍သတင်းစာရှင်းလင်း
အောင်အောင် Monday, 13 May 2019
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ သဟပုညကာရီ ဗိမ္မာန်၌ ယနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဘုရားသုံးဆူမြို့ အမှတ် ၃/၂ ရပ်ကွက်ရှိ တပ်ကုန်းစုဟု ခေါ်ဆိုသော နေရာ၌ နေထိုင်သူများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ နေထိုင်သော နေရာသည် တပ်မတော်ပိုင် မြေဧရိယာနေရာ မဟုတ်ကြောင်း၊ ယခင် နှစ်ပေါင်း ၂ဝ ကျော်ကတည်းက နေထိုင်ခဲ့ကြောင်း အထောက်အထားများ ပြသခဲ့ကာ ထိုတပ်မတော်ပိုင် မြေဧရိယာဟု ခေါ်ဆိုသော နေရာ၌ တချို့သောသူများက မြေယာ ပိုင်ဆိုင်မှုပုံစံ ၁ဝ၅ ကိုင်ဆောင်ထားကြပြီး အများစုက မရရှိခြင်း အပေါ်၌ အခွင့်အရေး မမျှတဟုဆိုကာ သတင်းမီဒီယာများရှေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။