images
UN
UN
ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်ဆက်စပ်ပစ္စည်းများဖမ်းမိ
ကိုသားကြီး(ကျောက်ကြီး) Monday, 13 May 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်း (၁)ရပ်ကွက်တွင် ယမန်နေ့ ည ၇နာရီက မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရရှာဖွေစစ်ဆေးရာမှ မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ လက်ဝယ်ထားရှိသူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုန်းနယ်မြေရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မုန်း(၁)ရပ်ကွက်ရှိ ဆယ်အိမ်မှူး၏ နေအိမ်ဈေးဆိုင်ရှေ့၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ဆိုင်ရှေ့သို့ ရောက်ရှိလာသော ပြည့်ဖြိုးနိုင်(၂၃နှစ်) မုန်း(၁)ရပ်ကွက် မုန်းမြို့နေသူအား ရှာဖွေစစ်ဆေးရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်ပြား၊ ပလတ်စတစ် အဖြူရောင် အပိုင်းအစတစ်ခု၊ ဆေးရှူရာတွင် အသုံးပြုသော အအေး သောက်သည့် ပိုက်တစ်ချောင်း၊TAIYO တံဆိပ်ပါ အနီရောင် မီးခြစ်ကြီး တစ်လုံး၊ ဆေးရှူရာတွင် အသုံးပြုရန်ပြုလုပ်ထား သော ရွှေအိုရောင် နားကြပ်ခေါင်းတစ်ခု၊ ငွေကျပ် ၁၇၃၂ဝဝ တို့အား တွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်း ဆည်းခဲ့သည်။
သို့ပါ၍ သတင်းအရ ရှာဖွေစစ်ဆေးရာမှ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ လက်ဝယ်ထားရှိသူ ပြည့်ဖြိုးနိုင်(၂၃နှစ်)အား မုန်းနယ်မြေ ရဲစခန်းမှ မယ (ပ) ၁/၂ဝ၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ) အရ အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။