images
UN
UN
နိုင်ငံတော်တည်ငြိမ်ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းအတိုင်းလျှောက်လှမ်းချင်ပါက ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သည်ကိုမျှော်လင့်ဟု ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား
ကိုကိုလွင် Tuesday, 14 May 2019
နိုင်ငံတော်တည်ငြိမ်အေးချမ်း စွာဖြင့် ဒီမိုကရေစီလမ်းကြောင်း အတိုင်းလျှောက်လှမ်းသွားချင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဋ္ဌာန်း ထားပြီးဖြစ်သည့် ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားသည် ကိုမျှော်လင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက သတင်းမီဒီယာ များသို့ပြောသည်။
ယနေ့ပြုလုပ်သည့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း အတွက်လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင် ခံစာတင်သွင်းခဲ့သည့် အချက်နှစ် ချက်အပေါ် လွှတ်တော်မှ အဆုံး အဖြတ်ရယူပေးရန် တင်ပြခဲ့ခြင်း အား လွှတ်တော်နာယကက မဲခွဲ ဆုံးဖြတ်ရန်ဆောင်ရွက်ခဲ့ရာ တပ်မ တော်သားလွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးချုပ်မောင်မောင်က မတ်တပ်ရပ်ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်နာယကက ခွင့်ပြုခဲ့ ခြင်း မရှိခဲ့သည့်အပေါ် လွှတ်တော် ခေတ္တရပ်နားစဉ် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဦးသောင်းအေး၏ သဘောထားအမြင်အားသတင်းမီဒီ ယာများသို့အထက်ပါအတိုင်းထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေ ဆို တာ အန်ကယ်တို့တိုင်းပြည် ဘယ် တိုင်းပြည်ပဲဖြစ်ဖြစ် အမာခံတည် ဆောက်မှုပုံသဏ္ဌာန်ပဲ။ နိုင်ငံတော် တည်ဆောက်မှုပုံသဏ္ဌာန်ကြီးတစ်ခု ကို ဟိုကဖြုတ် ဒီကဖြုတ်ဟိုက ပြင် ဒီကပြင် ပြင်လိုက်ရင် နိုင်ငံ တော်ကြီး ပျက်သွားမှာပေါ့။ ဒါ ကြောင်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ အခန်းတစ်ခန်းအနေနဲ့ သတ် သတ်မှတ်မှတ်ပြဋ္ဌာန်းထားပြီးတော့ ပြဋ္ဌာန်းထားတဲ့အထဲမှာလည်း ပြင် ချင်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလို့ သူက ဆိုပါတယ်။ တစ်ခုလုံးကို အစ အဆုံးပြင်ဖို့ ခွင့်လည်းပေးမထား ပါဘူး။ ဒါကြီးဖြစ်ဖို့ကလည်း လူပေါင်းများစွာ နှစ်ပေါင်းများစွာ တိုင်ပင်ပြီးမှရေးသားခဲ့တာဖြစ်ပါ တယ်။ ဒါကို ၄၅ ဦး ကော်မတီ လောက်နဲ့ ဒီမူကြမ်းတွေကို ကိုယ့် အထင်ကိုယ့်အမြင် ကိုယ့်အဖွဲ့ အစည်းရဲ့အယူအဆနဲ့ပြင်ဖို့ဆိုတာ တကယ်တော့ မဖြစ်သင့်ဘူးပေါ့။ အဲ့ဒီတော့နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်း ကိုလျှောက်လှမ်းသွားချင်တယ်ဆို ရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ဥပဒေနဲ့ အညီပဲ ဆက်သွားတာကို မျှော်လင့် ပါတယ်''ဟု ဦးသောင်းအေးက မီဒီယာများသို့ ပြောသည်။

ပူးပေါင်းကော်မတီမှလွှတ်တော် သို့အစီရင်ခံစာဖတ်ကြားတင်သွင်း ခဲ့ရာ၌ ၂ဝဝ၈ ခုနှစ်ဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီမှတင်သွင်း ခဲ့သည့် ဥပဒေကြမ်းအား ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်း လာသည့်အချိန်တွင် လွှတ်တော်နှစ် ရပ်မှ ဥပဒေကြမ်းကော်မတီများ နှင့်ဖွဲ့စည်းထားသည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော် မတီမှ တစ်ပေါင်းတည်း လေ့လာ စိစစ်ဆောင်ရွက်သင့်ကြောင်း အဆို အား ပထမတစ်ချက် အနေဖြင့် တင်သွင်းခဲ့ပြီးဆက်လက်၍ ဥပဒေ နှင့်အညီ လွှတ်တော်တွင် ဆက် လက်ဆွေးနွေး အဆုံးအဖြတ်ရယူ သင့်ကြောင်းဟူသည့်အဆိုပြုချက် နှစ်ရပ်အပေါ် မဲခွဲဆုံးဖြတ်ခဲ့မှုအရ ထောက်ခံ ဆန္ဒမဲအသာဖြင့် တစ် ပေါင်းတည်း လေ့လာစိစစ်ဆောင် ရွက်သင့်သည်ဟူသည့် ပထမအဆို ကို လွှတ်တော်က အတည်ပြုခဲ့ သည်။
''ဒီအစီရင်ခံစာမှာ ရေးထား တာပေါ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာရေးထားတဲ့မူကြမ်းနဲ့ ပြင်ဆင်တဲ့ လုပ်ငန်းနှစ်ရပ် တစ်ပြိုင်တည်းဖြစ် ပေါ်လာလို့ ဒီလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီးတော့ ဥပဒေမှာ မပြဋ္ဌာန်း ထားတဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူတယ်လို့ သူတို့ ပြောတယ်။ အဲဒီတော့ အဲဒီလုပ် ငန်းစဉ်နှစ်ရပ်က ဘယ်ဟာမှန်လဲ ဘယ်ဟာမှားလဲလို့ ဆန်းစစ်ထား တာမပါဘူး။ လုပ်ငန်းစဉ်နှစ်ရပ် ဆိုတာက ဦးအောင်ကြည်ညွန့် အရေးကြီးအဆိုတင်သွင်းပြီးတော့ ၄၅ဦးကော်မတီနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော် မတီဖွဲ့ပြီးတော့လုပ်နေတဲ့လုပ်ငန်း စဉ်တစ်ခု၊ နောက်တစ်ခုက ပြည် ထောင်စုလွှတ်တော်ရဲ့ ၂ဝ ရာခိုင် နှုန်း ဖြစ်တဲ့ ၁၄၃ ဦးသော ကိုယ် စားလှယ်တွေကလက်မှတ်ရေးထိုး ပြီးတော့ တိုင်းရင်းသား ပြည်သူ တွေအတွက် ပုဒ်မ ၂၆၁ အပိုဒ်ခွဲ (ဂ)(ဃ)(င)ကို ပြင်ဆင်ဖို့အတွက် အန်ကယ်တို့က ဥပဒေနဲ့အညီတင် လိုက်တဲ့ လုပ်ငန်းစဉ်ဒီနှစ်ခုရှိတာ ပေါ့၊ ဒီလုပ်ငန်းစဉ် နှစ်ခုမှာ နာယက ဆုံးဖြတ်ဖို့သင့်တာက ဘယ်လုပ်ငန်းစဉ်ကဥပဒေနဲ့ညီသလဲ ဥပဒေနဲ့ညီတဲ့ လုပ်ငန်းစဉ်ကိုပဲ ခွင့်ပြုပေးရမှာ၊ ဥပဒေနဲ့ညီတဲ့ဟာနဲ့ ဥပဒေနဲ့မညီတဲ့ဟာနှစ်ခုကို မဲခွဲဆုံး ဖြတ်တယ်ဆိုတာကတော့ သိပ်ပြီး တော့ မသင့်ဘူးလို့ အန်ကယ်တို့ မြင်ပါတယ်။ မဲခွဲဆုံးဖြတ်တယ် ဆိုတာ အရာရာမှာ အမှန်တရား မရနိုင်ဘူး၊အင်အားများသူသာကြေး ဖြစ်သွားတာပေါ့။ အများညီလို့ 'ဤ'ကို'ကျွဲ'ဖတ်လို့ရတယ်ဆိုတဲ့ အဖြစ်မျိုးဟာ သိပ်တော့မသင့်ဘူး ပေါ့။ ကျွန်တော်တို့ကတော့ ဥပဒေ အရ လုပ်လို့ရတဲ့လမ်းကြောင်းက နေ လုပ်သွားဖို့ပါပဲ ဥပဒေနဲ့မညီ တာကို လုပ်တယ်ဆိုရင် ဥပဒေနဲ့ အညီ ညီအောင်လုပ်ဖို့အတွက်ကို ကိုယ်တို့ကသက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကို တင်ပြသွားဖို့ပဲရှိပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံ ရုံးတင်ဖို့ကိစ္စလည်း ပါလိမ့်မယ် လေ။ မူလအဆိုထဲက ဦးအောင် ကြည်ညွန့်က အရေးကြီးအဆို တင်သွင်းပြီးတော့ ဒီ၄၅ ဦးဖွဲ့ တာ ကိုကဥပဒေနဲ့မညီဘူး။ ဒါကြောင့် မို့လို့ မညီဘူးညီတယ်ကိုသိချင်ရင် နာယကရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကိုမေးပေးပါလို့အန်ကယ်ပြော ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကိုလည်းလေ့လာသုံးသပ်ပြီး လိုအပ်ရင်လိုအပ်သလို ဆောင်ရွက် သွားမှာပါ''ဟု ဦးသောင်းအေးက မီဒီယာများသို့ ဆက်လက်ပြောဆို သည်။