images
UN
UN
ဝန်ကြီးချုပ်နေတန်ယာဟုအားအစိုးရဖွဲ့စည်းရန် နောက်ထပ်အချိန်သီတင်းနှစ်ပတ်တိုးမြှင့်ခွင့် အစ္စရေးသမ္မတပေးအပ်
KK(IR) Tuesday, 14 May 2019
အစ္စရေးသမ္မတ Reuven Rivlin က ဝန်ကြီးချုပ်နေတန် ယာဟုအား အစိုးရတစ်ရပ်ဖွဲ့စည်း ရန်အတွက် နောက်ထပ်အချိန် သီ တင်းနှစ်ပတ် တိုးမြှင့်ခွင့်ပေး အပ် လိုက်ကြောင်း သိရသည်။ သမ္မတ Reuven Rivlin က နေတန်ယာဟု အား ပြီးခဲ့သည့် ဧပြီလ ၉ ရက် တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ များမှစတင်ကာ ၂၈ ရက်အတွင်း ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ နေတန်ယာဟုသည် ယမန်နေ့တွင် အစိုးရတစ်ရပ်ဖွဲ့စည်းရေးနှင့်ပတ် သက်ပြီး သဘောတူညီချက်များ ကို အပြီးသတ်ဆောင်ရွက်ပြီးစီး ဖွယ်ရှိနေသော်လည်း ယခုတလော နိုင်ငံတော်အဆင့် ပိတ်ရက်များနှင့် ဂါဇာတွင် ရုတ်တရက်ပြင်းထန် သည့်တိုက်ခိုက်မှုဖြစ်ပွားခြင်းတို့က နိုင်ငံရေးမိတ်ဖက်များအကြားစေ့စပ် ညှိနှိုင်းမှုများကို အနှောင့်အယှက် ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်ဟု အေပီ သတင်းဌာနက ဖော်ပြခဲ့သည်။ နေတန်ရာဟု၏ Likud ပါတီနှင့် ၄င်း၏ Jewish ultra-Orthodox ပါတီနှင့်မျိုးချစ်မဟာမိတ်ပါတီများ သည်လွှတ်တော်နေရာအများစုဖြစ် သည့်နေရာ၆၅ နေရာကိုအနိုင်ရရှိခဲ့ သည်။ အစ္စရေးရွေးကောက်ပွဲဆိုင် ရာဥပဒေများအရ နေတန်ယာဟု အနေဖြင့်သတ်မှတ်ထားသည်ရက် အတွင်း ညွှန့်ပေါင်းအစိုးရမဖွဲ့စည်း နိုင်ခဲ့ပါကသမ္မRivlin အနေဖြင့် ယင်းသို့ပြုလုပ်ရန်အခြားတစ်ယောက် ကို တာဝန်ပေးအပ်နိုင်ခွင့်ရှိသည်။
Ref: RT News