images
UN
UN
နေရောင်ခြည်ကို ကာကွယ်ခြင်း
မျိုးမြင့်ဆွေ(မျက်မှန်) Tuesday, 14 May 2019
ရောင်ခြည်တစ်ထောင်အလင်းဆောင် သော သူရိယနေမင်းက ကမ္ဘာမြေပြင် ပေါ်သို့ နေ့စဉ်လွှတ်ပို့သောအလင်းရောင် ကို လူသားတိုင်း ရရှိခံစားရပါသည်။ နွေရာသီရောက်ပြီဆိုလျှင် ပူပြင်းသော အပူဒဏ်ကို အလင်းရောင်နှင့်အတူ ခံစား ကြရသည်ကို ကမ္ဘာ့လူသားတိုင်း သိကြ ပါသည်။
လူသားတို့သည် မျက်နှာနှင့်မျက်စိ ပေါ်သို့ ကျရောက်သော နေရောင်ခြည် ကို ကာကွယ်ခြင်းနှင့်လူ၏ခန္ဓာကိုယ်ပေါ် သို့ ကျရောက်သည့်နေရောင်ခြည်၏ အပူ စွမ်းအင်ကို ကာကွယ်ကြခြင်းများဖြစ် သည့် မျက်နှာပေါ်သို့ ကျရောက်မည့် နေ ရောင်ခြည်ကို ဦးထုပ်ဆောင်းခြင်း၊ ခမောက်ဆောင်းခြင်းနှင့် ထီးဆောင်းခြင်း တို့ဖြင့် ကာကွယ်ကြပါသည်။ မျက်စိ ပေါ်သို့ကျရောက်မည့် နေရောင်ခြည်ကို နေကာမျက်မှန်တပ်ဆင်ခြင်းဖြင့် ကာ ကွယ်ပါသည်။ ခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်မည့်နေရောင်ခြည်ကို အင်္ကျီအဖြူ ရောင်ခပ်ပွပွဖားဖားများ ဝတ်ဆင်၍ ကာ ကွယ်ကြပါသည်။
နေရောင်ခြည်တွင်ပါဝင်သော ရောင် ခြည်များမှာ အနီအောက်ရောင်ခြည်၊ ဂါမာရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည် တို့အပြင် လူတို့ မမြင်နိုင်သောရောင်ခြည် များ ပါဝင်ပါသည်။ နံနက်ပိုင်း ထွက် ပေါ်သော နေရောင်ခြည်က လူတို့၏ ကျန်းမာရေးကို အထောက်အကူပြုပါ သော်လည်း နံနက် ၁ဝ နာရီမှ ညနေ ၄နာရီအထိ ထွက်သော နေရောင်ခြည် တွင် ခရမ်းလွန်ရောင်ခြည် အများဆုံး ထွက်ပေါ်ပြီး လူတို့၏ အသားအရေကို ထိခိုက်စေပါသည်။ မျက်စိကိုလည်း ထိခိုက်နိုင်ပါသည်။
မျက်လုံးအတွင်းသို့ ကျရောက်မည့် နေရောင်ခြည်ကို နေကာမျက်မှန်ဖြင့် ကာ ကွယ်ကြသည်ကို လူအများသိကြပါ သည်။ သို့သော် နေကာမျက်မှန်၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုမူ မသိကြ ပါ။ တရုတ်နှင့်အခြားနိုင်ငံများမှ ပြုလုပ် သော ဖိုင်ဘာနေကာများကို လုံးဝမတပ် သင့်ပါ။ ဖိုင်ဘာမှန်သည် အပူဒဏ်ကို မခံနိုင်ဘဲ လှိုင်းများပါနေ၍ လူ၏ မျက်စိ ကို ထိခိုက်နိုင်ပါသည်။ ဖိုင်ဘာမှန်သည် ပွန်းလွယ်၊ မှုန်လွယ်ပြီး အရက်ပျံနှင့် ထိတွေ့လျှင် မှုန်ဝါးသွားပါမည်။ ရေနွေး ဆူဆူထဲသို့ ကျသွားလျှင် တွန့်လိမ်၍ ပျက်စီးသွားပါမည်။ လူတို့၏ ကျန်းမာ ရေးကို မကြည့်ဘဲ ဈေးပေါပေါဖြင့် မြန်မြန်ရောင်းချနိုင်အောင် လုပ်ဆောင် ခြင်းဖြစ်သည်။
ထို့ပြင် မျက်မှန်များကိုလည်း မှန် အိမ်ပြောင်း မှုတ်သကဲ့သို့ ပြုလုပ်ပြီး ဈေး ပေါပေါဖြင့် ရောင်းချနိုင်အောင် ပြုလုပ် ပါသည်။ ထိုမျက်မှန်များမှာ လှိုင်းပါ သည်။ ပါးလွှာသည်။ ကျိုးလွယ်ဆတ် လွယ်အထိအခိုက်မခံဘဲ မှန်ဟူ၍ အကြောင်းပြပြီး ဈေးပေါပေါဖြင့် ရောင်း ချနိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။
စနစ်တကျပြုလုပ်ထားသော မျက် မှန်များမှာ လှိုင်းမပါအောင်ချက်၍ ပြု လုပ်ထားသော အရိုင်းတုံးမှ အခုံးအခွက် နှစ်ဖက်ညီညီညာညာသွေးဖော်ထားပြီး ကြည်ကြည်လင်လင်ရှိပြီး လူတို့၏ ကျန်း မာရေးအတွက် မထိခိုက်နိုင်ပါ။ နေကာ မျက်မှန်များသည် B2 ခေါ်(BETA-2) မှန်များ၊ B1 ခေါ်(BETA-1) မှန်များ၊ အစိမ်းရောင်(Calober Green) မှန်များ၊ ဆီးရောင် (Brown) မှန်များ၊ွှTrue Color မှန်များဖြစ်သည်။ B2 မှန်သည် ရေညှိစိမ်းရောင်ဖြစ်ပြီး နေရောင်ခြည်ကို ရာခိုင်နှုန်း ၇ဝ အကာအကွယ်ပေး သည်။ B1 မှန်သည် ရေညှိစိမ်းဖျော့ဖျော့ အရောင်ဖြစ်ပြီး နေရောင်ခြည်ကို ရာခိုင် နှုန်း ၅ဝ ကာကွယ်ပေးပါသည်။
အစိမ်း ရောင်မှန်နှင့် ဆီးရောင်မှန်များသည် လည်း နေရောင်ခြည်ကို ရာခိုင်နှုန်း ၅ဝ
ကာကွယ်ပေးပါသည်။ွှTrue Color မှန် ၏အရောင်မှာ မီးခိုးရောင်ဖြစ်ပြီး အပြင် လောကကို ယင်းမှန်ဖြင့်ကြည့်လျှင် မမှောင်ပါ။ နေရောင်ခြည်ကို ရာခိုင်နှုန်း ၄ဝ ကာကွယ်ပေးပါသည်။ ထိုမှန်များကို ဂျာမနီနိုင်ငံမှ(Ray Ban)ကိုင်းများတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံမှ(A/O)မျက်မှန်ကိုင်းများတွင်တပ်ဆင်၍ရောင်း ချပါသည်။
(Photo Cromin)ခေါ် နေရောင်ခြည် နှင့်ထိတွေ့လျှင် အရောင်ပြောင်းသွား သော မှန်သားများသည် အရောင်ပြောင်း သတ္တုများဖြင့်စပ်၍ပြုလုပ်ပြီး မီးခိုးရောင် ပြောင်းသောမှန်ကို Photo Gray မှန်နှင့် ဆီးရောင်ပြောင်းသောမှန်ကို Photo Brownမှန်ဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။
(Photo Gray Extra) မှန်သည် အရောင် ခြောက်မျိုးရှိပါသည်။ မူလမှန် သားအရောင်မှာ ဖက်ဖူးရောင်ဖျော့ဖျော့ ဖြစ်ပြီး နေရောင်ခြည်နှင့် ထိတွေ့သော အခါတွင် မီးခိုးရောင်သို့ပြောင်းလဲသွား ပြီး တစ်မိနစ်အကြာတွင် အရောင်ရင့် သွားပါသည်။ ထိုမှနေရိပ်ထဲသို့ရွှေ့လိုက် သောအခါတွင်B-2 အရောင်သို့ ရေညှိ စိမ်းရောင်ပြောင်းသွားပါသည်။ ထိုမှတစ် ဆင့် အရောင်ကျသွားသောအခါတွင် ရေညှိစိမ်းဖျော့ဖျော့(B-1)အရောင်သို့ ပြောင်းသွားပါသည်။ ထိုမှတစ်ဆင့် အရောင်ကျသွားသောအခါတွင်ဆီးရောင် သို့ ပြောင်းသွားပါသည်။ ထိုမှတစ်ဆင့် အရောင်ကျသွားသောအခါတွင် ပန်း ရောင်သို့ပြောင်းသွားပါသည်။ ထိုမှတစ် ဆင့် အရောင်ကျသွားသောအခါတွင် မူလဖက်ဖူးရောင်သို့ ပြန်လည်ရောက်ရှိ သွားပါသည်။
သြဂဲနစ်မှန်များတွင်လည်း မှန်သား များသွေးသကဲ့သို့ သွေးဖော်ပြုလုပ်ထား ပြီး အရောင်ပြောင်း Photo Gray နှင့် Photo Brown မှန်သားများပြုလုပ်ပါ သည်။
အနောက်နိုင်ငံများမှထုတ်လုပ်သော ကားအကောင်းစားများတွင် ဖိုတိုဂရေးမှန် များကို ပြုလုပ်တပ်ဆင်အသုံးပြုကြခြင်း ဖြင့် နေရောင်ခြည်ကို ကာကွယ်ကြပါ သည်။
လူတို့သည် နေရောင်ခြည်ဒဏ်မှ ကာကွယ်သက်သာစေရန် အရိပ်ကောင်း သောသစ်ပင်ကြီးများအောက်တွင် ခိုမှီ၍ လည်းကောင်း၊ ဦးထုပ်ဆောင်းပြီးနေကာ မျက်မှန်များကိုတပ်၍ ထီးဆောင်းပြီး နေပူထဲတွင်သွားလာလှုပ်ရှား၍ နေရောင် ခြည်ကိုကာကွယ်ကြပါသည်။
မြန်မာနိုင်ငံသားများ အားလုံး နေ ရောင်ခြည်ကို ကာကွယ်နိုင်ကြပါစေရန် ရေးသားလိုက်ရပါတော့သည်။