images
UN
UN
စိမ်းလန်းရွှေပြည်လို စာပေဆုချီးမြှင့်သည့်အဖွဲ့အစည်း များများပေါ်ရင် ပိုပြီးတိုင်းပြည်တင့်တယ်ပါတယ် သူလုပ်မှငါလုပ်မှတာဝန်မဟုတ်ဘူး အားလုံးဝိုင်းလုပ်ကြရမယ် ဒါအမျိုးသားရေးတာဝန်ပဲ
ထက်မြက်အောင် Wednesday, 15 May 2019
ဒုတိယအကြိမ် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို မေ ၁၄ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ ဂန္ဓမာဟိုလ်းဆေးလ်(Gandamar Wholesale) Grand Ballroom ခန်းမ၌ ကျင်းပခဲ့ရာတွင် အခမ်းအနားသို့ တက်ရောက် လာသည့် ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်) မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌအား စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပတ်သက်ပြီး ၄င်း၏အမြင်နှင့်လက်ရှိစာပေလောကအပေါ်သုံးသပ်ချက်များကို တွေ့ဆုံမေးမြန်းဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။
မေး။ ဒီနေ့ပွဲကိုတက်ရောက်ဖြစ်တဲ့ ရည် ရွယ် ချက်နဲ့အခုလိုစာပေဆုချီးမြှင့်
တာနဲ့ပတ်သက်ပြီးပြောပြပေးပါ။
ဖြေ။ ကျွန်တော်တို့ ဒါစိမ်းလန်းရွှေပြည် စာမူပြိုင်ပွဲ ဒုတိယအကြိမ် ဆုချီး
မြှင့်ခြင်းအခမ်းအနားဖြစ်တယ်။ ကျွန် တော်တို့ကိုဒီကလူကြီးတွေဖိတ်တဲ့အတွက် လာတက်ရောက်ရခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်စာပေနဲ့ပတ်သက်လို့ နိုင်ငံ သားတိုင်းမှာ တာဝန်ရှိတယ်။ ကျွန် တော်တို့ မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှ လူမျိုးလည်းတိုးတက်မယ်။ မြန်မာစာ ပေကျဆုံးရင် လူမျိုးလည်းကျဆုံးမယ်။ အဲ့တော့ ဘယ်အဖွဲ့အစည်းက ဘယ် ထောင့်ကပဲဖြစ်ဖြစ်ဝိုင်းဝန်းဖွံ့ဖြိုးတိုးတက် အောင်လုပ်ကြမယ်ဆိုရင် ကျွန်တော် တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ် တယ်။ ကျွန်တော်တို့ စာပေသမားတွေ အနေနဲ့ ပြောရရင် ဒါဟာ ဂုဏ်လည်းယူ စရာကောင်းပါတယ်။ နောက် စာပေဝါ သနာရှင်တွေကို သူတို့ Óဏ်စွမ်းကိုယ် စွမ်းရှိသလောက် ပြုစုရေးသားတဲ့စာပေ အပေါ်မှာ အကဲဖြတ်ပြီးတော့ အခုလို ဆုချီးမြှင့်ပေးတဲ့ အဖွဲ့အစည်းတွေများများ ပေါ်ရင် ပိုပြီး တော့တိုင်းပြည်တင့်တယ် ပါတယ်။ သူလုပ်မှငါလုပ်မှဆိုတဲ့ တာဝန် မဟုတ်ပါဘူး။ အားလုံးဝိုင်းလုပ်ရမယ့် တာဝန်။ ဒါအမျိုးသားရေးတာဝန်ပဲ။ အဲ့ တော့ အမျိုးသားရေးတာဝန်ကို ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ယူပြီးတော့ ဒီဟာကိုဆောင်ရွက် တဲ့အတွက် ကျွန်တော်တို့ ဂုဏ်လည်းယူ ပါတယ်။ ကျွန်တော်က သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌပါ။ ကျွန်တော်တို့ကတော့ ဒီစာပေဖွံ့ဖြိုးရေးသတင်းဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ရှိလို့ လည်း ဒီအခမ်းအနားကိုဖိတ်လို့ လာရ ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မေး။ လက်ရှိ စာပေလောကနဲ့ ပတ် သက်လို့ ဆရာ့အမြင်လေးကို ပြောပြပေးပါ။
ဖြေ။ စာပေလောက ကျွန်တော်တို့ မီဒီယာလောက လွတ်လပ်ခွင့်
ဆိုတာ ကျွန်တော်တို့ တိုင်းပြည်မှာဥပဒေ အရရှိပါတယ်။ အခြေခံ ဥပဒေမှာ နိုင်ငံ သားတိုင်း ရပိုင်ခွင့်အနေနဲ့လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်စတဲ့ အခြေခံ လူ့အခွင့်အရေးတွေပေးထားပါ တယ်။ ဒါက ကျွန်တော်တို့ တည်ဆဲ ဥပဒေတွေနဲ့ မဆန့်ကျင်သရွေ့ဆောင်ရွက် နိုင်ခွင့်ရှိတယ်။ သို့သော် ကျွန်တော်တို့ တိုင်းပြည်ဟာ အခုမှ ဒီမိုကရေစီသက် တမ်းအင်မတန်နုနယ်တယ်။ ဒီအချိန်မှာ ပြည်ပပယောဂတွေ ပြည်တွင်း ပယောဂ တွေ အမျိုးမျိုးနဲ့အလွှာအသီးသီးမှာ ထိုး ဖောက်ပြီးတော့ ဖွနေတာတွေရှိပါတယ်။ အဲ့တော့ အဲ့ဒါတွေကို ကျွန်တော်တို့ ကာ ကွယ်ရမယ်။ တားဆီးရမယ်။ ကျွန်တော် တို့မှာ တာဝန်ရှိတယ်။ လွတ်လပ်တယ် ဆိုတာဟာစည်းနဲ့ကမ်းနဲ့ လွတ်လပ်တာ မျိုးပဲဖြစ်သင့်တယ်။ စည်းမဲ့ကမ်းမဲ့ ပရမ်း ပတာလွတ်လပ်ရင်တော့ တိုင်းပြည်ပျက် မှာပဲ။ အဲ့တော့ စာပေလွတ်လပ်ခွင့်ဆို တာလည်းဒီအတိုင်းပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ဟာပဒေသရာဇ်ခေတ်ကတည်း က စာပေဖွံ့ဖြိုးလာတာ။ ဒီနေ့ထက်ထိ ရှင်သန်နေဆဲပဲဖြစ်တယ်။ ပဒေသရာဇ် ဧကရာဇ် သက်ဦးဆံပိုင်ခေတ်ကနေ ဗြိတိ သျှကိုလိုနီခေတ်ပြီးတဲ့အခါမှာ ကျွန်တော် တို့ လွတ်လပ်ရေးရတဲ့ခေတ်ပြီးတဲ့အခါ မှာ ဒီမိုကရေစီခေတ်။ နောက်စစ်အုပ်ချုပ် ရေးခေတ် စတဲ့ခေတ်တွေအမျိုးမျိုးပြောင်း လဲပင်ပြောင်းလဲငြား သော်လည်းပဲ စာ ပေရေစီးဟာ အလျဉ်မပြတ်စီးဆင်းမြဲပဲ။
စာပေကို လူ့သမိုင်းအဆက်ဆက် လူ တွေရဲ့လူငယ်တွေရဲ့ တာဝန်အနေနဲ့ အစဉ် အဆက်ထမ်းရွက်လာခဲ့တာဟာ ဒီကနေ့ ခေတ် လူငယ်တွေဟာအများဆုံးတာဝန် ထမ်းနေတယ်လို့ ကျွန်တော်တို့မြင်တယ်။ ကျွန်တော်တို့ ငယ်စဉ်ကတွေ့တယ်။ ကျွန်တော့်အသက် ၉၁ နှစ်ပါ။ ကျွန်တော် ငယ်စဉ်တွေ့ခဲ့တဲ့ ကျွန်တော်ဖြတ်သန်းခဲ့ တဲ့ ကာလထက် ဒီနေ့လက်ရှိကာလဟာ လူငယ်တွေအများကြီးတာဝန်ကျေတယ်။ အများကြီး လည်းကြိုးစားတယ်။ စာပေ ရှုထောင့် အမျိုးမျိုးမှာလူငယ်တွေ တက် တက်ြ<ွကြ<ွကလှုပ်ရှားကြတယ်။ခံယူချက် အမျိုးမျိုးနဲ့ အရောင်အသွေးအမျိုးမျိုးနဲ့ လှုပ်ရှားတာဖြစ်ချင်ဖြစ်မယ်။စာပေအပေါ် မှာထားရှိတဲ့ သစ္စာတရားကအားလုံးတူ ညီတဲ့ သဘောထားမှာရှိတယ်။ ဒီကနေ့ စာပေတိုးတက်ဖွံ့ဖြိုးလာတာဟာ ဒီလူ ငယ်တွေရဲ့ စွမ်းပကားကြောင့်လည်းပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မေး။ အရင်နဲ့အခု လက်ရှိစာပေလွတ် လပ်ခွင့်တွေအပေါ် သုံးသပ်ပြော
ကြားပေးပါဦး။
ဖြေ။ ကျွန်တော်ပြောမယ်ဆိုရင် ကျွန် တော်တို့ တိုင်းပြည်လွတ်လပ်ရေး
ရပြီးတဲ့ ကာလဟာ စာပေအင်မတန် ဖွံ့ဖြိုးခဲ့ပါတယ်။ လွတ်လည်း လွတ်လပ် ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကာလမှာ သူ့ခေတ်သူ့ကာလနဲ့အညီ ကျွန်တော်တို့ စာပေလှုပ်ရှားမှု လျော့ကျလာတယ်။ ဆင်ဆာတွေဘာတွေဖြစ်လာတယ်။ အဲ့ တော့ နည်းနည်းထိန်းချုပ်လာတဲ့အတွက် စာပေလှုပ်ရှားမှုဟာ လျော့လာတယ်။ ဒီ ဘက်၂ဝ၁၁-၂ဝ၁၂ကစပြီးတော့ သမ္မတ ကြီးဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ပြန်ပြီးလွတ်လပ်ခွင့်တွေရလာတယ်။ စာ ပေစိစစ်ရေးတွေဘာတွေ ဖျက်သိမ်းလိုက် တယ်။ အဲဒီမှာ ဆင်ဆာစနစ်တွေလည်း ပျောက်သွားတယ်။ အဲ့တော့ လွတ်လပ် တဲ့ လွတ်လပ်ခွင့်တွေစာပေနယ်အတွက် ရရှိတယ်။ ရေးသားသူတွေလည်းများ လာတယ်။ ဖတ်ရှုသူတွေလည်းများလာ တယ်။ လှုပ်ရှားမှု ပိုများတယ်။ အဲဒီတော့ ဟိုဘက်ခေတ်နဲ့ဒီဘက်ခေတ်လို့ ပြောလို့ မရဘူး။ စာပေရေစီးကြောင်းဟာ တစ် ဆက်တည်းသွားနေတာ။သူ့အစိုးရလက် ထက် ငါ့အစိုးရ လက်ထက်မဟုတ်ဘူး။ ကျွန်တော်တို့ စာပေမှာအရောင်အဆင်း မရှိဘူး။နိုင်ငံရေးအစွဲမရှိဘူး။ စာပေဟာ စာပေပဲဖြစ်တယ်။ ဘယ်သူက ပဲစိမ်းစိမ်း ဘယ်သူကပဲ နီနီစာပေမှာတော့ တစ်သံ တည်း တစ်သွေးတည်းပဲသွားမှာပါပဲ။ ကျေးဇူးတင်ပါတယ်။