images
UN
UN
အတိုက်အခံများအပါအဝင် မလေးရှားလွှတ်တော်အမတ်များအားလုံး ပိုင်ဆိုင်မှုများကိုကြေညာရမည်
KK(IR) Wednesday, 15 May 2019
အတိုက်အခံများအပါအဝင် မလေးရှားလွှတ်တော်အမတ်များ အားလုံးသည် မကြာမီတွင် ၄င်းတို့၏ပိုင်ဆိုင်မှုများအားလုံးကို တရား ဝင်ကြေညာရန်လိုအပ်မည်ဖြစ်သည်။ အစိုးရအဖွဲ့ကရွေးချယ်ထား သည့်ကော်မတီမှ အစီအရင်ခံတင်ပြထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အရေးယူဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ယင်းကဲ့သို့ပိုင်ဆိုင်မှုများ ကို မဖြစ်မနေကြေညာရန် လိုအပ်မည်ဖြစ်သည်။
မလေးရှားမီဒီယာမှ သတင်းဖော်ပြချက်များအရ အဆိုပါ ကော်မတီသည် အစိုးရအနေဖြင့် ¤င်း၏ကိုယ်ပိုင်ဥပဒေပြုအမတ် များနှင့် လွှတ်တော်အဖွဲ့ဝင်များအားလုံးအပေါ် ¤င်းဥပဒေသတ်မှတ် ချက်ကို တိုးချဲ့စည်းကြပ်ဆောင်ရွက်ရန်လိုအပ်ချက်ကို အစီရင်ခံ တင်ပြနေလျက်ရှိသည်ဟု ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က ယမန်နေ့တွင်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ¤င်းကော်မတီသည် ဝန်ကြီးဌာနဆိုင်ရာအာဏာပိုင်များ အနေဖြင့်လည်း ပိုင်ဆိုင်မှုများကို ကြေညာမှုပြုလုပ်စေလိုသည့်ဆန္ဒရှိ ကြောင်း သိရသည်။ ဝန်ကြီးများအနေဖြင့် လက်ဆောင်ပေးအပ်ခြင်း ဆိုင်ရာမူဝါဒညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့် ကတိကဝတ်ပြုမှုကို လက်မှတ်ရေးထိုးမှုပြုလုပ်ရမည်ဟုလည်း မဟာသီယာကထည့်သွင်း ပြောကြားထားကြောင်း သိရသည်။ ¤င်း၏အစိုးရအဖွဲ့ဝင်များ အနေဖြင့် လက်ရှိတွင် မလေးရှားငွေ ရင်းဂစ် ၅ဝဝ ကျော်တန်ဖိုးရှိ သည့်လက်ဆောင်များအားလက်ခံခြင်းကို တားမြစ်ထားကြောင်း မဟာသီယာကပြောကြားခဲ့သည်ဟု သိရသည်။
Ref: The Straits Times