images
UN
UN
မယုံကြည်မှုကိုဘေးဖယ်ထားပြီး ဆက်ဆံရေးများတိုးမြှင့်ရန် ရုရှားက အမေရိကန်အားပြောကြား
KK(IR) Wednesday, 15 May 2019
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလာဗော့က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီအိုအား ရုရှားနှင့်အမေရိကန်တို့သည် နှစ် ပေါင်းများစွာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းကာ သံသယဝင် နေမှုကိုဘေးဖယ်ထားပြီး အပြု သဘောဆောင်စွာ အတူတကွလုပ် ဆောင်နိုင်မည့်နည်းလမ်းကိုရှာဖွေ ရန်အချိန်ရောက်ရှိနေပြီဟု ပြော ကြားခဲ့ကြောင်းသိရသည်။
ပွန်ပီအိုသည် လာဗော့နှင့်ဆိုချီ မြို့ရှိRussian Black Sea အပန်း ဖြေစခန်း၌ ယမန်နေ့နှောင်းပိုင်း တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှား သမ္မတဗလာဒီမာပူတင်နှင့်ဆွေးနွေး ညှိနှိုင်းမှုများလည်း ပြုလုပ်မည် ဖြစ်သည်။ နှစ်နိုင်ငံအကြားဆက် ဆံရေးများသည် စွပ်စွဲချက်များ ကြောင့်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ရုရှားက ၂ဝ၁၆ ခုနှစ် အမေရိ ကန်သမ္မတရွေးကောက်ပွဲရလဒ် များအပေါ် လွှမ်းမိုးခြယ်လှယ်ရန် ကြိုးစားခဲ့ကြောင်းစွပ်စွဲခဲ့ပြီး ယင်း စွပ်စွဲချက်ကို ရုရှားအစိုးရက ငြင်း ပယ်ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလား၊ အီရန်၊ ဆီးရီးယားနှင့် ယူကရိန်း အရေးတို့နှင့်ပတ်သက်ပြီးလည်း သဘောထားကွဲလွဲမှုများဖြစ်ပေါ် နေခဲ့ခြင်းဖြစ်သည်။
သံသယဝင်မှုနှင့်ထိခိုက်နစ်နာ မှုများကို ၄င်းတို့တွေ့မြင်ကြုံတွေ့ နေရပြီဖြစ်ကြောင်း၊ အမေရိကန် တို့အနေဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် အဆင် သင့်အနေအထားဖြစ်ပါက စတင် ကြိုးစားကြည့်ကြပြီး ဖြစ်ပေါ်လာ မည့်အရာများကို တွေ့မြင်ရမည် ဖြစ်ကြောင်း လာဗော့က ပွန်ပီအို အားပြောကြားခဲ့သည်ဟုသိရသည်။
Ref: Reuters