images
UN
UN
မိမိကဲ့သို့ သရုပ်ဆောင်အသစ်တစ်ဦးကို ယုံကြည်သည့်အတွက် ပိုမိုပြီးပေးဆပ်ချင်သည်ဟုပြောတဲ့ သရုပ်ဆောင် အိန်ဂျယ်လမုန်း
သူရကို Wednesday, 15 May 2019

လေဆန်ကကြိုး ဇာတ်ကား တွင် မိမိကဲ့သို့ လူငယ်များအား လုံးပူးပေါင်းပြီး ပါဝင်သရုပ်ဆောင် ထားကြောင်း သရုပ်ဆောင် အိန် ဂျယ်လမုန်းကပြောသည်။
သရုပ်ဆောင် အိန်ဂျယ်လမုန်း က''အိန်ဂျယ်က ကိုယ့်ရဲ့ကာရိုက် တာနဲ့ ကိုယ်အကောင်းဆုံးကြိုး စား ထားပါတယ်။ဒီဇာတ်ကားကမြန်မာ့ ယဉ်ကျေးမှုအနုပညာနဲ့ ယခုခေတ် အကကို ပေါင်းစပ်ထားတဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။ပရိသတ် တွေကို အိန်ဂျယ်အကောင်းဆုံးပေး ချင်တဲ့ မက်ဆေ့ခ်ျတွေက လည်း အများကြီးပါတယ်။လာရောက်အား ပေးကြပါလို့''ပြောကြားခဲ့သည်။
အဆိုပါဇာတ်ကားကတစ်ဖက် အစွန်းမရောက်သွားအောင် မြန်မာ့ ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ယနေ့ ခေတ်အကကို လူငယ်များ၏ ကြိုး စားချင်စိတ်ရှိနိုင်သော မက်ဆေ့ခ်ျ ကို ပေးစေချင်သည့် ဇာတ်ကား တစ်ကားဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် အိန်ဂျယ်လမုန်း ပါဝင်ထားသည့် ကာရိုက်တာနှင့် ပတ်သက်ပြီး''ဒီဇာတ်ကားထဲမှာ အိန်ဂျယ်က ကိုဒေါင်းကိုအရမ်းချစ် တဲ့ ကောင်မလေးတစ်ယောက်ဖြစ် ပြီး Supporting အရမ်းလုပ်ပေးတဲ့ ကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ထုတ်လုပ်သူများအနေဖြင့် မိမိ ကဲ့သို့ သရုပ်ဆောင်အသစ်တစ်ဦး ကို ယုံယုံကြည်ကြည်ဖြင့် လာ ရောက်ကမ်းလှမ်းဖိတ်ခေါ်မှုကြောင့် ယခုထက်ပိုမိုပြီး အကောင်းဆုံးဖြစ် အောင် ရိုက်ကူးနေကြောင်း သရုပ် ဆောင် အိန်ဂျယ်လမုန်းက ပြော သည်။ ထို့အပြင် ဇာတ်ကားသစ် များဆက်လက်ရိုက်ကူးပေးရန်ကမ်း လှမ်းထားသောဇာတ်ကားများ ရှိခဲ့ သော်လည်းယခုချိန်အထိConfirm မဖြစ်သေးကြောင်း သရုပ်ဆောင် အိန်ဂျယ်လမုန်းကပြောကြားခဲ့သည်။