images
UN
UN
ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ဇာတ်ပို့အလွှာမှ နွယ်နီအား သတင်းမေးရင်း ငွေကျပ်ခြောက်သိန်းနှင့်ဈေးရောင်းဖို့ပစ္စည်းများကူညီခဲ့တဲ့ ခိုင်နှင်းဝေ
အလင်း Wednesday, 15 May 2019
ခိုင်နှင်းဝေ ပရဟိတဖောင်ဒေး ရှင်းတည်ထောင်ထားသူ သရုပ် ဆောင်ခိုင်နှင်းဝေက ဇာတ်ပို့အလွှာ မှ သရုပ်ဆောင်မနွယ်နီ သတင်း လေးကိုကြည့်ပြီး အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ မေ ၁၄ ရက် နံနက်မှာ သူ့အခက်အခဲ၊ သူ့ကျန်းမာရေး၊ သူ့သားသမီး လေးများ၏ ဘဝအားလုံးအတွက် စဉ်းစားပြီး ဆေးဝါးကုသနိုင်ရန် အလှူငွေကျပ်ခြောက်သိန်း၊အိမ်တွင် ပူဇော်နိုင်ရန်ဘုရားတစ်ဆူတို့အပြင် တစ်ရက်တည်းနှင့်လွယ်လွယ်ကူကူ ဈေးရောင်းနိုင်ရန်အတွက် လှည်း၊ လိုအပ်သည့်အိမ်ထောင်သုံးစားစရာ၊ ကလေးများအတွက်မုန့်၊ အရုပ်များ အပြင် ဈေးရောင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်း သော အကင်စုံတို့ကို သွားရောက် လှူဒါန်းပေးခဲ့သည်။ ကျွန်မကိုမြင် တော့ဝမ်းသာလွန်းပြီး မျက်ရည်ကျ တာမြင်ရတော့ကျွန်မလည်းပင်ပန်း တာတွေပျောက်တဲ့အထိ ကြည်နူး ပီတိဖြစ်မိပါကြောင်း ရေးသားထား ခဲ့သည်။