images
UN
UN
ဝိညာဉ်ကျိန်စာ ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရသည်များ ဟာသနှော၍ ရိုက်ကူးထားသော ထိုင်းရုပ်ရှင် ဇာတ်ကားသစ် Pee Nak
Wednesday, 15 May 2019
(ဇာတ်လမ်းအကျဉ်း)
မြို့၏အပြင်ဘက် ဆင်ခြေဖုံး ရပ်ကွက်များထဲက ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် ဒီရက် ပိုင်းအတွင်း ကြောက်စရာကောင်း သော အဖြစ်အပျက်တစ်ခု ဖြစ်ပွား ခဲ့ပါသည်။ ထိုအခြင်းအရာမှာ ထိုဘုန်းကြီးကျောင်းဝင်းအတွင်း ရဟန်းခံရှင်ပြုချင်သော မည်သူ မဆို ကျိန်စာတိုက်ခံရပြီးနောက် ထို ပုဂ္ဂိုလ်သည် သိမ်ဝင်ရှင်ပြုအခမ်း အနား မပြီးဆုံးမီတွင်''Pee Nak'' ၏ဒေါသကြောင့် အသက်ဆုံးရှုံးရ ပေလိမ့်မည်ဟု ဆိုကြလေသည်။
သို့သော် Nong First နှင့် Ballon တို့သုံးဦးအနေဖြင့် ထိုဘုန်း ကြီးကျောင်းတွင် ရှင်ပြုသင်္ကန်းစီး ရုံကလွဲ၍ ရွေးချယ်စရာမရှိကြပေ။ Ballon နှင့် First တို့သည် ထီ ပေါက်လျှင်အကြေွးဆပ်သည့်အနေ ဖြင့် ရှင်ပြုသင်္ကန်းဝတ်ပါမည်ဟူ၍ နတ်ဘုရားများထံတွင် ကတိပြုခဲ့ ကြသော မိန်းမလျာနှစ်ယောက် ဖြစ်၏။ ထိုအချိန်တွင် Nong သည် လည်း သူ့ချစ်သူကောင်မလေး၏ ရက်စက်စွာထားပစ်ခဲ့ပြီး သံယော ဇဉ်ဖြတ်ခြင်းကို ခံခဲ့ရသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် သူတို့၏ ဆိုး ရွားလှသည့် အတိတ်ကံများကို ကျေစေရန်အလို့ငှာ ရှင်ပြုသင်္ကန်း ဝတ်၍ကံမြှင့်တင်ချင်နေကြသည်။ ဤသို့ဖြင့် သူငယ်ချင်းသုံးယောက် တို့သည် Pee Nak ဝိညာဉ်၏ ရာဇဝင်ကိုသိတော့သိခဲ့ရလေသည်။ သို့သော် နောက်ကျလွန်းခဲ့ချေပြီ။
အဘယ်ကြောင့်ဆိုသောအကယ် ၍ ရှင်ပြုသင်္ကန်းဝတ်မည့် တစ်စုံ တစ်ယောက်သည် စိတ်ပြောင်းပြီး သိမ်ဝင်အခမ်းအနားမှထွက်ခွာရန် တံခါးအပြင်ဘက်သို့ ခြေတစ် လှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင် နက် သေရပေဦးမည်ဟု ဒဏ္ဍာရီ ထဲတွင် ဆိုထားသောကြောင့်ဖြစ် သည်။ ဤတွင် Nong First နှင့် Ballon တို့သုံးယောက်သားသည် ရှင်ပြုသင်္ကန်း ဝတ်ပြီးသည်အထိ အသက်ရှင်နိုင်အောင် Pee Nakဝိညာဉ်၏ကျိန်စာနှင့် ရင်ဆိုင်ကြုံ တွေ့ရပုံကို ဟာသနှော၍ သည်း ထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးတင် ပြထားသော ထိုင်းဇာတ်ကားတစ် ကားဖြစ်ပါသည်။