images
UN
UN
ကိုယ့်မျက်ချေးကိုယ်ပြန်မမြင် အသိပညာဖြင့်သာရှုမြင်နိုင်၏
နေဇင်လတ် Wednesday, 15 May 2019
အသိအားနည်းခဲ့သောကြောင့် မြန်မာ တို့ကျွန်ဖြစ်ခဲ့ရ၏။အသိချို့တဲ့ခဲ့သောကြောင့် အင်္ဂလိပ်တို့ကနှစ်ပေါင်း(၁ဝဝ)ကျော် မြန်မာ တို့ကိုအုပ်ချုပ်သွားနိုင်ခဲ့သည်။ ထိုအသိ မကြီးခဲ့ဘဲ အတ္တများသောကြောင့်ပင် ထိပ် တန်းအရာရှိကြီးဖြစ်သော အင်္ဂလိပ်ကပင်...
''လွတ်လပ်ရေးပေးလိုက်ပါ၊ သူတို့ အချင်းချင်းပြန်ချကြပါလိမ့်မယ်''ဟု စိတ်ချ လက်ချဆိုခဲ့၏။
ကံကောင်းထောက်မ၍ ဒုတိယကမ္ဘာ စစ်အပြီး အင်္ဂလိပ်တို့စစ်ထောင်းကာ နိုင်ငံ များစွာကို လွတ်လပ်ရေးပေးရင်း ဗိုလ်ချုပ် အောင်ဆန်းတို့၏ ကြိုးစားမှုနှင့်လည်းတိုက် ဆိုင်ကာ မြန်မာတို့လွတ်လပ်ရေးရခဲ့၏။ လွတ်လပ်ရေးရခဲ့ပြန်ပါသော်လည်း အသိမ ရင့်ကျက်သေးမှုကြောင့် ရောင်စုံသူပုန်များ ပေါ်လာခဲ့ရပြန်သည်။
တစ်ဖန် 'ဒီမိုကရေစီ'နှင့် 'လူ့အခွင့် အရေး'ဟူသော မူလတန်းအသိလောက် သာရှိခဲ့ပြန်သောကြောင့် နေရာတကာ ထိုစံ နှုန်းကို လက်ကိုင်ပြုရင်း ယနေ့ပြည်ထောင် စုကြီးပြိုကွဲမည့် အလွန်အန္တရာယ်ရှိသော အခြေအနေကို မြန်မာတို့ဖြတ်သန်းနေကြ ရပြန်သည်။
ကိုယ့်မျက်ချေးကို ကိုယ်ပြန်မမြင်
ဗုဒ္ဓ၏ထေရဝါဒသည်များစွာ စမ်းသပ် အစစ်ဆေးခံသောဘာသာကြီးဖြစ်၏။ ပထမအဆင့်အစွန်းဖြစ်သော 'ပုဂ္ဂလအတ္တ' ကိုလည်းကောင်း၊ ဒုတိယအဆင့်အစွန်းဖြစ် သော 'ဓမ္မအတ္တ'ကိုလည်းကောင်း၊ မဇ္ဈိမ ပဋိပဒါဖြင့် ကျော်လွှားအောင်နိုင်ခဲ့သော တစ်ခုတည်းသောဘာသာတရားဖြစ်သည်။
ယနေ့အများစုသည် အဓိမာနရှိသူများ ဖြစ်ကြပြီး မျက်လုံးဖြင့် ကိုယ့်မျက်လုံးကို ပြန်မမြင်နိုင်ကြသူများဖြစ်သည်။ သဒ္ဓါလွန် ကဲပြီး ပညာနှင့်ပြန်၍မထိန်းကျောင်းနိုင်ခြင်း ဖြင့် အစွန်းတစ်ဖက်သို့ အပို့ခံကြရသူများ လည်းဖြစ်လာကြတော့သည်။
ဗုဒ္ဓဘာသာသည် ယနေ့လို 'ပညာ'
ကို ဦးစားပေးခဲ့သည်မဟုတ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆ဝဝ နီးပါးကပင် အရာရာကို ပညာဖြင့်ဦးစားပေးတတ်ရန် လမ်းပြပေးခဲ့ သည့် ဘာသာကြီးဖြစ်ပြီး ကာလာမသုတ် သည် ဗုဒ္ဓဘာသာ၏ အစစ်ဆေးခံ မှတ် ကျောက်ဖြစ်ခဲ့ပါ၏။ 'ဗုဒ္ဓ' ဟူသော ဝေါဟာရကပင် 'အတုမရှိ ပညာကြီးသော သူ' ဟူ၍ အနှစ်အားဖြင့် ရှိနေပါ၏။
အများစုက 'ကာလ'နှင့်ပတ်သက်၍ 'ဖြစ်၊ တည်၊ ပျက်' သဘောနှင့်ယှဉ်သော 'အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်' တည်း ဟူသည့် သုံးပါးအချိန်ကို ကိုယ်စားပြုရာ ပရိဏာမိကာလအပေါ်သာမြင်ကြ၊ အလေး ထားလေ့ရှိကြပါ၏။ ဗုဒ္ဓ၏အတုမရှိပညာက ဖြစ်၊ တည်၊ ပျက်၊ လွန်၊ ကာလအပိုင်း အခြား လွန်၊ ကာလဝိပတ်ဖြစ်သော ကူဋ ဌာယီ ကာလ၊ သို့မဟုတ် ထာဝရပစ္စုပ္ပန် အထိ ဖြန့်ကြက်ထားပါသည်။
အလင်းပြန်ခြင်းဖြင့် ပုံရိပ်ပေါ်စေသော အကြောင်းအရာများနှင့် ဖြစ်တည်မှုများကို 'မံသ' ဟူသောအသားမျက်လုံးဖြင့် အား လုံးကမြင်တွေ့ကြပါ၏။ သို့သော်လည်း အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်လည်း ကောင်း၊ မဖြစ်လာသေးသည်တို့ကို ကြို တင်ရှုမြင်ခြင်း၌လည်းကောင်း၊ မျက်လုံး များသည် အသုံးမဝင်လှတော့ပါ။ အသိ ဥာဏ် သို့မဟုတ် ပညာဖြင့်သာ ဝေဖန် ပိုင်းခြား ကြိုတင်မြင်နိုင်စွမ်းရှိရပါ၏။
Knowledge ကို မူလတန်းအဆင့် ပညာ၊Wisdom ကို အလယ်တန်းအဆင့် ပညာနှင့် Enlightenment ကို အထက် တန်းအဆင့် ပညာဟူ၍ ခွဲခြမ်းထားရာ'ံHuman Rights၊Democracy ' စသည် တို့မှာမူလတန်းအဆင့်အထိမျှသာ ဖြစ်ပါ၏။
မြန်မာတို့အသိအားနည်းခဲ့သောကြောင့် 'ဒီမိုကရေစီ'မျှလောက်ကို 'ကန့်သတ်' အသိဖြင့်မျှဝေခဲ့ပြီး သူတို့လိုချင်သည့်ပုံကို ဖော်ယူသွားခဲ့ကြသည်။ အသိနည်းလျှင် 'အသိမှား' တတ်ပါ၏။ 'ရှေ့အသိ'နှင့် 'နောက်အသိ'၊ 'သာမညအသိ'နှင့် 'ဝိသေ သအသိ'၊ 'ပဉ္စရုံသိ' နှင့် 'ဓမ္မရုံသိ' တို့ကို ကောင်းစွာခွဲခြားမမြင်နိုင်လျှင် ထိုအခြေ အနေတွင် 'အသိမှား' ဖြစ်လေ့ရှိပါ၏။ မြန်မာအများစုသည် Programmed Kno-wledge (သို့) Limited Knowledge ယူ ဆောင်လာသော INGO များမှ ရရှိလိုက် သော ကန့်သတ်အသိ (သာမညအသိ) လောက်ဖြင့် အသုံးအနှုန်းကြီးများကို ပါးစပ် အပြည့်အပြိုင်အဆိုင်ရွတ်ကြပြီး ဆရာကြီး များဖြစ်လာကြကာ မျိုးဆက်သစ်များအား အသိမှားကို အသိမှားမှန်းမသိဘဲ ဖြန့်ဝေခဲ့ ကြသည်။ (အချို့မှာမူ အသိမှားမှန်းသိသော် လည်းဒေါ်လာတန်ခိုးကြောင့်လည်းကောင်း၊ ချုပ်ထိန်းခံရမှုကြောင့်လည်းကောင်း၊ မျက် လုံးစုံမှိတ်စေခိုင်းသမျှ ခံနေကြရသူများ လည်းရှိနေတတ်၏)။
မြန်မာတို့အနေဖြင့် အနည်းဆုံး Wisdom ဟူသော ပညာအဆင့်အထိတိုးတက် အောင် ကြိုးစားသင့်ကြသည်။ ဝိသေသ သိရှိအောင်တက်လှမ်းသင့်ကြသည်၊ မဟုတ် ပါက မကျွတ်မလွတ်သော ဘုန်းကြီးတစ္ဆေ များအဖြစ်ထက် ပိုလာကြမည်မဟုတ်ချေ။
ဘေဒÓဏ်လား၊ အဘေဒဥာဏ်လား။
ယနေ့တွင်ကျယ်စွာသုံးနေသော Kno-wledge ကိုစာရေးသူက 'သုတပညာ' ဟု မြန်မာမှုပြုကာ Wisdom အဆင့်ကို 'ထိုး ထွင်းသိပညာ'၊Enlightenment ကို 'တပ် အပ်သိပညာ'ဟူ၍ မြန်မာမှုပြုထားပါ သည်။ သုတအခြေခံပညာဖြစ်သော Kno-wledge သည် စာပေသိ (ဘေဒဥာဏ်)မျှ သာဖြစ်သည်။ အထည်ကိုယ်ထည်သိ သို့ မဟုတ် အသွေးအသားထဲမှသိသော အသိ အဘေဒ ဥာဏ်အဖြစ်ရောက်မှသာ မှန်ကန် သော အသိပညာဖြစ်လာကာ၊ 'သိသူ- သိစရာ'တို့ တစ်သားတည်း၊တစ်ထပ်တည်း၊ တစ်သွေးတည်း၊ တစ်ခုတည်းဖြစ်သွားသော အသိပညာဖြစ်ပါလိမ့်မည်။

ယနေ့ခေတ် ပညာကို ထေရဝါဒ ရှုထောင့်မှ ချိန်ထိုးရလျှင် သုတပေါ်၌သာ အခြေခံသောပညာ၊ စာပေသိသက်သက် သိသူနှင့် အသိခံတို့ တစ်သားတည်း မကျ သေးသော 'ကန့်သတ်' ပညာအဆင့်ဟုသာ ဆိုရပါလိမ့်မည်။
ထို့ကြောင့်လည်း INGO များကံHuman Rights ကိုသာ သူတို့ လိုအပ် သလောက် ကန့်သတ် အသိပေးခဲ့ပြီး သူ့ ထက် အရေးပါသော Community Right၊ National Right တို့ကို ထိမ်ချန်ထားခဲ့ဖြစ် သည်။ National Right သည် National interest ဟူသော အမျိုးသား အကျိုးစီးပွား ကိုကာကွယ်နိုင်ရန် အမြင့်ဆုံးအခွင့်အရေး ဖြစ်သည်။ Human Right သည် ယေဘု ယျမျှသာဖြစ်ပြီး National Right က အမြင့်ဆုံးဖြစ်၏။
မည်မျှ မြင့်မားပါသနည်းဟုဆိုသော် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် National Right နှင့် နှိုင်းယှဉ်လာလျှင် 'အမှန်-အမှား' ပင် မရှိတော့သည့် အခြေ အနေအထိဖြစ်ပါ၏။ အီရတ်ကို စစ်ဝင် တိုက်ရာတွင် Preemption ဟူသော လက် ဦးမှုရယူ၍ အမေရိကန်အကျိုးစီးပွားအတွက် စစ်တိုက်ရပါသည်ဟူသည့် ဖြစ်ရပ်က သမိုင်းတွင် ခိုင်မာသောအထောက်အထား အဖြစ် ကျန်ရစ်ခဲ့ပါသည်။
အစုန်လား၊ အဆန်လား
သခင်စိတ်လား၊ ကျွန်စိတ်လား
အစုန်စိတ်သည် ရယူလိုသော သဘာဝ ရှိ၏။ ဘဝအစ 'အူဝဲ' ဆိုသည်မှာ နို့ဆာ၍ အသံပေးခြင်းဖြစ်ပြီး အသိမရင့်ကျက်သေးမီ တစ်လျှောက်လုံး လူတို့သည် အစုန်စိတ်ဖြင့် ကြီးပြင်းလာခဲ့ကြပါ၏။ အသိလည်း ရင့်ကျက်၊ တိုက်ဆိုင်မှုလည်းရှိသောအခါမှ ချင့်ချိန်စဉ်းစား၊ ဝေဖန်ပိုင်းခြားလာတတ် ကြပြီး အဆန်စိတ်သို့ တဖြည်းဖြည်း ကူး ပြောင်းကြသည့် သဘောလည်း တွေ့ရ သည်။
နောက်လိုက်တို့သည် အစုန်စိတ်ရှိကြ သည်မှာ မဆန်းလှသော်လည်း ခေါင်း ဆောင်များဖြစ်လာပါက 'အဆန်စိတ်' ပိုင် ဆိုင်ကြရပါလိမ့်မည်။ အဆန်စိတ်သည် အစုန်စိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော 'စွန့် လွှတ်စိတ်'၊ 'ပေးဆပ်စိတ်' ဖြစ်ပါ၏။ မြင့်မြတ်သောစိတ်၊ အထက်တန်းစား စိတ် မျိုးလည်းဖြစ်သည်။
ထပ်၍ တစ်နည်းဆိုရသော် အစုန်စိတ် သည် ကျွန်စိတ်လည်းဖြစ်ပြီး အဆန်စိတ် သည် သခင်စိတ်လည်းမည်သည်။ ခေါင်း ဆောင်တိုင်းသည် နောက်လိုက် အားလုံး အတွက် နည်းလမ်းအမှန်ကို ခေါ်ဆောင် လမ်းပြကြရမည့်သူများဖြစ်၍ အဆန်စိတ် သို့မဟုတ် သခင်စိတ်ရှိသူများဖြစ်သင့် ကြ၏။
ပြည်ထောင်စုစိတ်သည် 'သခင်'၊ ခွဲထွက်ခြင်းသည် 'ကျွန်စိတ်'
အင်္ဂလိပ်တို့၏ သွေးခွဲခဲ့မှုကြောင့် မြန်မာ သည် လွတ်လပ်ရေးရရန်ပင် ခက်ခဲခဲ့ရ၏။ တောင်တန်း-မြေပြန့်ကို ဗိုလ်ချုပ် အောင် ဆန်းက ပြန်ညှိနှိုင်းခဲ့ရသည်။ တောင်တန်း သည်လည်းကောင်း၊ မြေပြန့်သည် လည်း ကောင်း ထိုသော အစုအပေါင်းအားလုံး သည် မြန်မာနိုင်ငံသာဖြစ်သည်။ ဗြိတိသျှ တို့ကြောင့်သာ တောင်တန်း-မြေပြန့် ဖြစ်ခဲ့ ရသည်။ စော်ဘွား၊ ဒူးဝါးများသည်လည်း ကန့်သတ်ဧရိယာအတွင်းအုပ်ချုပ်သူများသာ ဖြစ်သည်။ သီးခြားနယ်မြေ၊ သီးခြားနိုင်ငံတို့ မဟုတ်ကြချေ။
ယနေ့ မြန်မာနိုင်ငံသည် ကျပ်မပြည့် သော စာပေအသိလောက်ဖြင့် ဒီမိုကရေစီ လူ့အခွင့်အရေးကို ခပ်တွင်တွင်အော်နေကြ ရာ ဆရာကြီးများက ကြိတ်၍ ပြုံးနေကြ မည်မှာ ဗေဒင် မေးစရာမလို။ ကန့်သတ် ကကြိုးကကွက်လောက်သာ သင်ပေးထား သော မြန်မာတို့ 'ဝှေးတက်အောင် ကကြ လေသည်။'
ထိုမှတစ်ဆင့် တိုးတက်လာသောအခါ ခွဲထွက်ခွင့်တောင်းလာကြသည်။ ကွန်ဖက် ဒရိတ်စသည်ဖြင့် ဆိုလာကြသည်။ ဘယ် နယ်မြေမှာ ဘယ်တပ်မတော်ရှိရမည်ဟူ၍ ဖြစ်လာကြသည်။ နိုင်ငံတစ်ခုတွင် 'တပ်မ တော်'သည် တစ်ခုတည်းသာ ရှိရပါ၏။ ကျန်လက်နက်ကိုင်အဖွဲ့များသည် ပုန်ကန် သူများသာဖြစ်သည်။
ခွဲထွက်ဖို့ကြိုးစားကြပြီး အခြားသူများ နှင့် ပူးပေါင်းရန် ကြံစည်မှုများသည် ကျွန် စိတ်အခြေခံ၊ အတ္တအခြေခံတို့သာဖြစ်ကြ၏။
မြော်မြင်၊ ဆင်ခြင်တုံတရား နည်းပါး လာသောအခါ အစွန်းတစ်ဖက် ရောက်သွား လေ့ရှိကြသဖြင့်လည်း မည်သို့မျှ သတိ ပေး၍မရတတ်ပြန်။ မှန်ကန်သောဖြစ်တည်မှု (Authentic Existentialism) အတွက် Logic of things အပြင် Logic of reason တို့ ခိုင်မာကြရသည်။ ဘယ်ဒေသမှာ ဘယ်တပ်မတော်က ခြေချခွင့်ရှိရမည် ဟူသည်မှာ Logic of things သာဖြစ်၍ Logic of reason တွင် မှန်ကန်မှုကို မထုတ် ဖော်နိုင်။
သားသမီးများ ငယ်စဉ်ကာလ အသိ ဥာဏ် မရင့်ကျက်သေးမီတွင် အစုန်စိတ်ဖြင့် ဖြတ်သန်းကြရလေ့ရှိ၏။ တစ်ယောက် တစ်ပေါက် တောင်းဆိုတတ်ကြသည်။ မိဘက ပေးနိုင်သည်၊ မပေးနိုင်သည် မသိ။ မိဘကို ကိုယ်ချင်းမစာ၊ ကိုယ့်ဆန္ဒ ပြည့်ဖို့ သာ ဦးစားပေးခဲ့ကြပါသည်။
မိဘများ ရှုထောင့်ကမူ သားသမီးတိုင်း ကို ဖြည့်ဆည်းပေးလိုသော်လည်း ကလေး များ၏ အနာဂတ်နှင့် မိသားစုတစ်ခုလုံး၏ ဘဝရှေ့ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြရ၏။ ချော့၍ရသော သားသမီး များလည်း ရှိတတ်သလို ခြောက်၍ပင် မရ သော သားသမီးများလည်းရှိတတ်ပြန်သည်။
မိဘများအနေဖြင့် သားသမီးများ၏ တစ်ဦးချင်းဆန္ဒကို ဖြည့်ဆည်းပေးမည်လား၊ မိသားစုတစ်ခုလုံးကို ခြုံငုံစဉ်းစားပါမည် လား၊ တစ်ဦးချင်း Individual right ကို ဆို၍မရ Family right ကိုသာ ဦးစားပေး ရပါလိမ့်မည်။
အစိုးရနှင့် တပ်မတော်သည်လည်း ထို သို့သာ ဖြစ်ပါ၏။ ခြောက်၍မျှပင်မရသော သားသမီးကို နောက်ဆုံး အကဲမတက်ရန် ဖင်လှ