images
UN
UN
ကောလင်းမြို့နယ် ရပ်ကျေးပါတီဆိုင်းဘုတ်တင်
ကျော်လွင်ဦး(ကောလင်း) Wednesday, 15 May 2019
ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရဲစိန်၏နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။
ထိုဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်အမှု ဆောင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။ ဆိုင်းဘုတ်တင်အပြီးတွင် ရပ်မိရပ်ဖများနှင့် တက်ရောက်လာကြ သော ပါတီဝင်များမေးမြန်းမှုကို ဦးအောင် သန်းဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးပွဲ ပြီးဆုံး ခဲ့ကြောင်း သိရသည်။