images
UN
UN
တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းဆေးကုသရေးအဖွဲ့ ပြည်သူများကိုဆေးကုသမှုလုပ်ဆောင် ပြည်ခိုင်ဖြိုးပါတီကလုပ်အားပေးလှူ
ဇော်သိန်း(ထန်းတပင်) Wednesday, 15 May 2019
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်း တပင်မြို့နယ် ကမြိုင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၇နာရီက ရန်ကုန်တိုင်းဒေသ ကြီး စစ်ဌာနချုပ် မှော်ဘီတပ်နယ် တပ်မတော်ဆေးဘက်ဆိုင်ရာပညာ သင်ကျောင်း ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ဝဏ္ဏနှင့် ထန်းတပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ ဦးဆောင်၍အထူးကုပါရဂူ ဗိုလ်ကြီး များ၊ အရာခံဗိုလ်၊ တပ်ကြပ်ကြီး များ၊သူနာပြုစစ်သမီးများ စုစုပေါင်း အင်အား ၂၅ ဦးက ကျေးရွာရှိ ဒေသခံပြည်သူ ၂ဝဝ အား အထွေ ထွေရောဂါများသွားရောက်ဆေး ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။ အဆိုပါဆေးကုသရာ နေရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များဝိုင်းဝန်း ပါဝင်ကူညီလုပ်ဆောင်ပေးခဲ့ကြ ကြောင်းသိရပြီး ဆေးကုသမှုအား မွန်းလွဲ ၁နာရီတွင် ပြီးဆုံးကြောင်း သိရသည်။