images
UN
UN
တိုင်းဒေသကြီးပါတီကော်မတီဝင် ပါတီဆိုင်းဘုတ်တင်ပွဲသို့တက်ရောက်ဖွင့်လှစ်
စိုးသစ္စာ Wednesday, 15 May 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သရက်တပင် အုပ်စုဝက်ကော်ကျေးရွာတွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်သစ်တင် အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်မင်း ထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်လင်းထွန်း၊ နယ်မြေတာဝန်ခံ ဦးကျော်ကျော်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပါတီကော်မတီဝင်နှင့် မြို့နယ်ပါတီ အတွင်းရေးမှူး တို့က ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာများ ပက်ဖျန်းကာ ဆိုင်းဘုတ်သစ်အား တင်မြှောက်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်နှင့်အဖွဲ့သည် ပြည်သူများနှင့်နွေးထွေးစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် အဖွဲ့သည် လယ်မအုပ်စု ကျွဲခြံရွာတွင်လည်း ထိုနည်းတူစွာ ယနေ့ နံနက် ၉နာရီခွဲတွင် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်သစ်အား သွားရောက်ကာ အမွှေးနံ့သာ ရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။