images
UN
UN
ကလေးမြို့ပြည်ခိုင်ဖြိုးပါတီမှအောင်သစ္စာရပ်ကွက်မီးဘေးသင့်အိမ်ထောင်စုများအား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများသွားရောက်လှူဒါန်း
ဂျွိုင်းဆက် (ကလေး) Wednesday, 15 May 2019
စစ်ကိုင်းတိုင်းဒေသကြီး ကလေး ခရိုင် ကလေးမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ကလေးခရိုင်တာဝန်ခံ ဦးခင်မောင် သန်း၊ ခရိုင်ပါတီ နာယကဦးတင် လှိုင်၊ ခရိုင်၊မြို့နယ် ဥက္ကဋ္ဌနှင့် ကော် မတီဝင်များသည် ကလေးမြို့ အောင်သစ္စာရပ်ကွက် နယ်မြေ ၁ဝ နေ ဦးသန်းအောင်မုန့်ဖိုမှ စတင် လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်နီးနားချင်း မိသားစု ၁+၄ စု တို့သည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရပ်ကွက်အတွင်း ရွှေကျောင်းတော် ဘုန်းတော်ကြီးကျောင်းတွင်နေထိုင် လျက်ရှိပြီး မီးဘေးသင့် အိမ် ထောင်စုများထံ ယနေ့ နံနက် ၁၁ နာရီခွဲတွင် စားသောက်စရာ၊ ဆန်အိတ်နှင့်အခြားအသုံးအဆောင် ပစ္စည်းများ လှူဒါန်းကြပြီး ကျောင်း နေအရွယ် ကလေးငယ်များအား ကျောင်းဖွင့်ရာသီတွင် လိုအပ်သည် များကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း နှင့် မီးဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား များပြောကြား၍ ရွှေကျောင်းတော် ဆရာတော်အား တွေ့ဆုံဖူးမြော်ခဲ့ ကြောင်း သိရသည်။