images
UN
UN
ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီပိုင်မြေများအား ဝက်လက်မြို့မိမြို့ဖအဖွဲ့သို့ လှူဒါန်း
စစ်ကဲကြီး(ဝက်လက်) Wednesday, 15 May 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင်ဝက်လက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီပိုင်မြေ ၂ ဒသမ ၅ဧကကို ဝက်လက်မြို့ မြို့မိမြို့ဖ အဖွဲ့အား လွှဲပြောင်းလှူဒါန်းပေးအပ်ပွဲအခမ်း အနားကျင်းပခဲ့သည်။
မြေယာလှူဒါန်းပွဲအခမ်းအနား ကိုဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက စတင် ကျင်းပ ခဲ့သည်။ အဆိုပါ အခမ်းအနားကို ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ဝက်လက် မြို့ရပ်ကွက်ဥက္ကဋ္ဌများတက်ရောက် အားပေးခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်ကလှူ ဒါန်းရသော ရည်ရွယ်ချက်နှင့်ပတ် သက်၍ရှင်းလင်းတင်ပြပြီးမြေနေရာ လှူဒါန်းပေးအပ်ခြင်းမှတ်တမ်းလွှာ ပေးအပ်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစိုးခိုင်က(မြို့မိမြို့ဖ) ဦးကျော်ထွန်းအားလည်းကောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးသောင်းမင်းထိုက်က(မြို့မိ မြို့ဖ) ဒေါက်တာ သန့်လွင်အား လည်းကောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဘဏ္ဍာရေးမှူး ဒေါ်ခင်အေး က (မြို့မိမြို့ဖ)ဦးအောင်မြင့်ဦးအား လည်းကောင်းအသီးသီးပေးအပ်ခဲ့ သည်။ ထို့နောက် မြို့မိမြို့ဖအဖွဲ့ ဝင် ဒေါက်တာသန့်လွင်က မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်အား ကျေးဇူး တင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပြီး ကျေးဇူးတင်ဝမ်း မြောက်ကြောင်း ပြန်လည်ပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ် ပါတီနာယက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲတင့်ကလှူဒါန်းပေးအပ်ရသော ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်း လင်တင်ပြပြီး အခမ်းအနား ရုပ် သိမ်းခဲ့သည်။
လှူဒါန်းပေးအပ်ခဲ့သော ပါတီ ပိုင်မြေနေရာများမှာ လှတော- ဝက်လက်ကားလမ်း၏မြောက်ဘက် မုဆိုးခြုံမြောင်းမတော်ဆည်မြောင်း ဘောင်ကပ်လျက်လမ်း၏ အရှေ့ ဘက်ကပ်လျက် ပေ၂ဝဝပတ်လည် ကျယ်ဝန်းသော မြေကွက် အား မြို့နယ်ခန်းမအဆောက်အအုံတည် ဆောက်ရန်အတွက်လည်းကောင်း၊ ရှေ့နောက်ပေ၂ဝဝ၊ တောင်မြောက် ပေ၁ဝဝကျယ်ဝန်းသောမြေကွက်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဧည့်ရိပ်သာအဆောက်အအုံ တည်ဆောက်ရန်အတွက်လည်း ကောင်း၊ အရှေ့အနောက်ပေ ၂ဝဝ၊ တောင်မြောက် ပေ ၂ဝဝကျယ်ဝန်း သော မြေကွက်အား မြို့နယ်စံပြနေ့ ကလေးထိန်းကျောင်းအဆောက် အအုံတည်ဆောက်ရန် အတွက် လည်းကောင်းစုစုပေါင်း ၂ဒသမ၅ ဧက ကျယ်ဝန်းသောမြေအား လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။