images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပဲခူးတိုင်းဒေသကြီး သနပ်ပင်နှင့်ဒိုက်ဦးမြို့နယ်များတွင် ပါတီဝင်များနှင့် တွေ့ဆုံ
Wednesday, 15 May 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် သနပ်ပင်မြို့နယ်ပါတီရုံးခန်းမ၌ ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ကျင်းပခဲ့သော ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သနပ်ပင်နှင့် ဒိုက်ဦးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအတိုင်ပင်ခံ ဦးÓဏ်ဝင်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ကြုံတွေ့နေရသော အခက်အခဲများအား မေးမြန်းခဲ့ကြပြီးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အထွေထွေ အတွင်း ရေးမှူး ဦးသက်နိုင်ဝင်းတို့က ပြန်လည်ဖြေကြားခဲ့၍ အခမ်းအနား အားြေ<ွကးကြော်သံများနှင့်အတူ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံဦးဥာဏ်ဝင်း၊ ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် သနပ်ပင်မြို့ယ်မှ ပါတီဝင်များတက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ဒိုက်ဦးမြို့နယ်ပါတီရုံးခန်းမ၌ ယနေ့ မွန်းလွဲ ၃ နာရီခွဲက ကျင်းပခဲ့သော ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်း) ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ် များမှ ပါတီဝင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
အစီအစဉ်အရ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော် သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုအတိုင်ပင်ခံ ဦးÓဏ်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်း အနားသို့ တက်ရောက်လာသူများကသိရှိလိုသည်များနှင့် ကြုံတွေ့ နေရသော အခက်အခဲများအား မေးမြန်းခဲ့ကြရာ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက မေးမြန်းချက်များအား ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားအားြေ<ွကးကြော် သံများနှင့်အတူ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုကော်မတီ ဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဒိုက်ဦးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်း အောင်နှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။