images
UN
UN
နေခြည်ထဲမှာ ဂုဏ်ဝင့်ဝါ(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Wednesday, 15 May 2019
* နေခြည်ထဲတွင်
ရဲရဲနီစွေး သွေးစွန်းပေကျံ
ပွင့်လာဟန်တည့်
ကန္တာရနှင်းဆီ သင်းကြည်ကြည်။
* ကျောက်စရစ်ဖုံး သဲမြေကုန်းမှာ
စုရုံးနေကြ အင်အားပြသို့
စိမ်းမြဝေဝေ ရှင်သန်နေရဲ့။
* ပင်စည်ကိုကြည့် ဆူးတွေပြည့်လို့
ထိရဲထိစမ်း စူးမိချက်ချင်း
အဆိပ်ပြင်းပြင်း ဖျဉ်းဖျဉ်းနာလျက်
အခံခက်သနဲ့။
* နေခြည်မီးလျှံ အပူဒဏ်ကို
အားမာန်အဖြစ် ပြောင်းလဲပစ်ပေါ့
ပွင့်သစ်နီစွေး ပန်းဂုဏ်သွေးက
မာန်ရေးပြပြ ဝင့်ထည်လှပြီ
ထကြကြွကြ ရဲရင့်ကြဟု
နိုးထစေလို အောင်ပွဲကြိုဖို့
တို့ကိုရုန်းထွက်စေသလား။