images
UN
UN
မက္ကဆီကိုလူစာရင်းတွင် ကားလို့စ်ဗီလာနှင့်ဟာနန်ဒက်ဇ် မပါဝင်
Wednesday, 15 May 2019
ရွှေဖလားပြိုင်ပွဲယှဉ်ပြိုင်ကစားမည့် မက္ကဆီကိုလက်ရွေးစင်အသင်း ၏ လူစာရင်းကိုထုတ်ပြန်ကြေညာခဲ့ရာတွင် ဝါရင့်တိုက်စစ်မှူးများဖြစ် သော ကားလို့စ်ဗီလာနှင့်ဟာနန်ဒက်ဇ်တို့ပါဝင်လာခဲ့ခြင်းမရှိပေ။ကားလို့စ် ဗီလာသည် ၂ဝ၁၉ ခုနှစ်အတွင်း ကစားခဲ့သည့်မေဂျာလိဂ်ပွဲစဉ် ၁၂ ပွဲ တွင် ၁၂ ဂိုးသွင်းယူကာ ခြောက်ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်သည်။ ဝက်စ် ဟမ်းတိုက်စစ်မှူးဟာနန်ဒက်ဇ်မှာမူ ပြီးခဲ့သော ပရီးမီးယားလိဂ်ဘောလုံး ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် အောင်မြင်မှုမရခဲ့ပေ။ ၄င်းတို့ နည်းတူ ပေါ်တိုတောင်ပံကစားသမားကော်ရိုနာသည်လည်း လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ Ref:ESPN