images
UN
UN
အီတလီအိုးပင်းပြိုင်ပွဲမှ ဆရီနာဝီလျံနုတ်ထွက်
Wednesday, 15 May 2019
ကမ္ဘာ့အဆင့်(၁၁)သို့ရောက်ရှိနေသောထိပ်တန်းတင်းနစ်မယ် ဆရီ နာဝီလျံသည် အီတလီအိုးပင်းပြိုင်ပွဲမှနုတ်ထွက်သွားခဲ့သည်။ သူမသည် ပြိုင်ပွဲ၏ပထမအဆင့်တွင် ဆွီဒင်မှ ရေဗက္ကာပက်တာဆန်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိရန် စွမ်းဆောင်နိုင်ခဲ့သော်လည်း ဒူးဒဏ်ရာပြဿနာကြောင့် နုတ်ထွက်ခဲ့ရခြင်းလည်းဖြစ်သည်။ ဆရီနာဝီလျံသည် ဒုတိယအဆင့် တွင် ဗီးနက်စ်ဝီလျံနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ယခုကဲ့သို့ နုတ်ထွက်ခဲ့ရခြင်းကြောင့် ဗီးနက်စ်ဝီလျံသည် ပွဲယှဉ်ပြိုင်ရခြင်းမရှိဘဲ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ဆရီနာဝီလျံသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များမှ တတိယအကြိမ်မြောက် နုတ် ထွက်ရခြင်းလည်းဖြစ်သည်။ သူမက လာမည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ အတွက် ကြံ့ခိုင်မှုအပြည့်ရနေရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ Ref:Dailymail