images
UN
UN
အက်သလက်တီကိုမှ ထွက်ခွာတော့မည်ဟု ဂရစ်ဇ်မန်းအတည်ပြု
Wednesday, 15 May 2019
အက်သလက်တီကို တိုက်စစ် မှူးဂရစ်ဇ်မန်းက ယခုရာသီကုန် တွင် အသင်းမှထွက်ခွာတော့မည် ဖြစ်ကြောင်းအတည်ပြုလိုက်သည်။ ဂရစ်ဇ်မန်းသည် ပြီးခဲ့သော ရာသီ အကုန်တွင်လည်း အသင်းမှထွက် ခွာလိမ့်မည်ဆိုသော သတင်းထွက် ခဲ့ဖူးသော်လည်း အသင်းနှင့်စာချုပ် သက်တမ်းတိုးခဲ့သူဖြစ်သည်။ သို့ သော် လက်ရှိတွင် ဂရစ်ဇ်မန်း သည် ပရိသတ်များအား နှုတ်ဆက် စကားပြောကြားသည့်ဗီဒီယိုဖိုင်အား အက်သလက်တီကို၏ တွစ်တာ အကောင့်တွင် တင်ကာ အတည်ပြု လိုက်ခြင်းလည်းဖြစ်သည်။
ဂရစ်ဇ်မန်းက ယခုကဲ့သို့ ခွဲခွာရန် ဆုံးဖြတ်ရခြင်းမှာ ဆိုးရွား သည့်ခံစားချက်ကို ဖြစ်စေသော် လည်း မိမိအတွက် အမှန်တကယ် လိုအပ်သည့်အခြေအနေကို ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ အက်သလက် တီကိုအသင်း၌ ငါးနှစ်ကြာနေခဲ့ သည့်ကာလအတွင်း ထောက်ပံ့ ပေးမှုများကြောင့် ပရိသတ်များ အားအလွန် ကျေးဇူးတင်ကြောင်း၊ အက်သလက်တီကိုအသင်းသည် မိမိနှလုံးသားအတွင်း၌အစဉ် ရှိနေ မည်ဖြစ်ကြောင်း ဗီဒီယိုဖိုင်အတွင်း ၌ ပြောကြားထားသည်။
ဂရစ်ဇ်မန်းသည်အက်သလက် တီကိုအတွက် ၂၅၆ ပွဲပါဝင်ကစား ထားပြီး ၁၃၃ ဂိုးသွင်းယူကာ ဂိုး ၅ဝ ဖန်တီးပေးထားသူဖြစ်သည်။ စပိန်စူပါဖလား၊ ယူရိုပါလိဂ်ဖလား နှင့်ဥရောပစူပါဖလားတို့ကို ရယူ နိုင်ခဲ့သည်။ Ref ;Marca