images
UN
UN
ရိုးရာအစဉ်အလာထိန်းသိမ်းစောင့်ရှောက်သူကို အားပေးမှသာလျှင် အမျိုးသားအကျိုးစီးပွားကိုစောင့်ရှောက်ရာရောက် အမျိုးသားရေးယုံကြည်ချက်တစ်ခုတည်းနဲ့ စာပေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းဖြစ်
မင်းသုခ Thursday, 16 May 2019
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုရွေးချယ်ရေးအဖွဲ့ပါဝင်သော ဂန္ထဝင်ကဗျာဆရာ မြင်းမူမောင်နိုင်မိုးနှင့်တွေ့ဆုံ၍ အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်၍ ဂန္ထဝင်ကဗျာ၊ စာပေ၊ ရသတို့၏ လက်ရှိကာလဖြစ်ပေါ်နေသော အခန်းကဏ္ဍ၊ ဂန္ထဝင်ကဗျာအပေါ် လူငယ်များ၏ စိတ်ပါဝင်စားမှုများနှင့်ပတ်သက်၍ မေးမြန်းမှုများကို ရေးသားဖော်ပြလိုက်ပါသည်။
မေး။ အမျိုးသားရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ဖို့ အခုလို ဂန္ထဝင်ကဗျာတွေ၊
ဂန္ထဝင်စာပေတွေကို အခုလိုမျိုးကျင်းပ ပေးတဲ့အပေါ် ဆရာ့အမြင်လေးသုံးသပ် ပေးပါ။
ဖြေ။ ဆရာတို့က ဒီနိုင်ငံတစ်နိုင်ငံမှာ အရေးအကြီးဆုံးက National
Intrest က အမျိုးသားအကျိုးစီးပွားပဲ။ အမျိုးသားအကျိုးစီးပွားဆိုတာ ကဏ္ဍ ပေါင်းစုံမှာပါဝင်နေတယ်ပေါ့နော်။ နိုင်ငံ တော်ရဲ့ ခေတ်အဆက်ဆက်မှာ စောင့် ရှောက်ထိန်းသိမ်းလာတဲ့ အမျိုးသားရေး အမွေအနှစ်ဖြစ်တဲ့ မြန်မာကဗျာတွေ၊ မြန်မာစာပေတွေကိုထိန်းသိမ်းတာလည်း အမျိုးသားအကျိုးစီးပွားကို တစ်ခန်းတစ် ကဏ္ဍကနေ စောင့်ရှောက်တဲ့သဘော သက်ရောက်တယ်။ ဒါကြောင့်မို့ ခုလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကနေ တကယ့်မြန်မာစာပေ၊ မြန်မာကဗျာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုပြီး တော့မှ မြန်မာကဗျာတွေကိုရှင်သန်အောင် ပြီးတော့ မြန်မာကဗျာတွေအားနည်းနေရ တာတွေကို ခွန်အားရှိလာအောင် အား ဖြည့်ပေးတယ်။ စောင့်ရှောက်ထိန်းသိမ်း ပေးတယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော် တို့က အများကြီးဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ခြင်းဖြစ်ရတယ်။ ဒါ့အပြင် လည်း ဒီမှာပြိုင်ပွဲလုပ်တာ မြန်မာကဗျာ တစ်ခုတည်းမကဘူး။ ဝတ္ထုတိုပေါင်းချုပ်၊ ဆောင်းပါးပေါင်းချုပ်တွေကိုလည်းပြိုင်ပွဲ လုပ်ပေးတယ်။ ဒါကြောင့်မို့ သုတ ရသ စာပေတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့အတွက်ကြောင့် စိမ်းလန်း ရွှေပြည် စာပေဆုချီးမြှင့်ခြင်းဆိုတာ အင်မတန်လိုအပ်တယ်။ ကျွန်တော်တို့ စာပေချစ်မြတ်နိုးသူတွေကလည်း အင်မ တန်အားကိုးအားထားပြုပြီးတော့မှ စိမ်းလန်းရွှေပြည်စာပေဆုကို အလေး အနက်ထား ယှဉ်ပြိုင်နေကြတယ်ဆိုတာ လေးကို ကျွန်တော်ပြောလိုပါတယ်။


မေး။ အခုလက်ရှိမှာ အမျိုးသားရေး ကဏ္ဍနဲ့ပတ်သက်ပြီး အားနည်းမှု
တွေကို အများကြီးတွေ့လာရတဲ့အပေါ် ဆရာဘယ်လိုမြင်ပါသလဲ။
ဖြေ။ အခြေအနေအချိန်အခါအရပေါ့ လေ။ အားနည်းချက်တွေအများ
ကြီးရှိလာတယ်။ တစ်ခါတစ်ရံမှာဆိုရင် တော့ စိတ်ထဲမှာမချင့်မရဲဖြစ်မိတာပေါ့။ကျွန်တော်တို့ခုဆိုရင် အရင်တုန်းကနှစ်စဉ် နှစ်တိုင်းယှဉ်ပြိုင်နေတဲ့ ဆိုကရေးတီးဆိုတဲ့ မြန်မာ့သုခုမ အနုပညာပြိုင်ပွဲတွေဆို လည်း ကျွန်တော်တို့မမြင်ရ၊ မတွေ့ရ၊ မကြားရတော့ဘူး။ ဘာပဲဖြစ်နေဖြစ်နေ မြန်မာနိုင်ငံတင်မကဘူး။ ဘယ်နိုင်ငံမှာ မဆို ရိုးရာအစဉ်အလာဆိုတာရှိတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့် ရှောက်တဲ့သူဆိုတာ ရှိကိုရှိရတယ်။ ထိန်း သိမ်းစောင့်ရှောက်တဲ့သူတွေကိုလည်း အားပေးကိုအားပေးရတယ်။ အားပေး အားမြှောက်ပြုမှသာလျှင် ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုစောင့်ရှောက် ရာရောက်မှာပေါ့။ ဒါကြောင့်မို့ အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ မြန်မာမှုအနု ပညာတွေကိုလည်း ဆိတ်သုဉ်းမတတ် ဖြစ်နေတာတွေကို ကျွန်တော်တို့ တတ် နိုင်သလောက်ပြန်ပြီးတော့ ရှင်သန်လာ စေချင်ပါတယ်။ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေး အတွက်ဆောင်ရွက်တာမဟုတ်ဘဲနဲ့ လူမှု ရေး၊ အမျိုးသားရေးယုံကြည်ချက်၊ ခံယူ ချက်တစ်ခုတည်းနဲ့ ကျွန်တော်တို့ရဲ့စာပေ ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်လို့ ကျွန်တော်တို့ကလည်း ယုံကြည်တယ်။ လုပ်နေတဲ့အသွင်သဏ္ဌာန်ကလည်း ပေါ် လွင်တယ်။ ဒါကြောင့်မို့ စာပေဝါသနာ ရှင်များအားလုံး တခြားသောအနုပညာ ရှင်များကလည်း အနုပညာဆိုင်ရာအမွေ အနှစ်တွေကို ယခုထက်ပိုပြီး ဖွံ့ဖြိုးရှင် သန်အောင်လုပ်ပေးချင်တဲ့ဆန္ဒရှိပါတယ်။
မေး။ မော်ဒန်ကဗျာနဲ့ ဂန္ထဝင်ကဗျာ အပေါ် အခုလက်ရှိဖြစ်ပေါ်နေတဲ့
အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြ ပေးပါ။
ဖြေ။ မော်ဒန်နဲ့ဂန္ထဝင်ဖြစ်တာတွေက ခဏခဏသိပ်ပြောနေစရာလည်း
မလိုတော့ပါဘူး။ လူတိုင်းလည်းသိပြီး နေပြီ။ ဘာပဲဖြစ်ဖြစ် မော်ဒန်ကလည်း မော်ဒန်ပဲ ဂန္ထဝင်ကလည်း ဂန္ထဝင်ပဲ။ သူ့ လမ်းကြောင်းနဲ့သူရှိပါတယ်။ သဘာဝ ချင်းမတူတဲ့ဟာနှစ်ခုကို တစ်ခုတည်း အတူတူပေါင်းစပ်ရမယ်ဆိုတာ မဖြစ်နိုင် တဲ့အတွက်ကြောင့် ကျွန်တော်တို့က အဲ့ဒါတွေကို မြန်မာကဗျာစစ်ပဲလိုလားတဲ့ သူတွေက မြန်မာကဗျာစစ်ကို ဆုပေးစေ ချင်တယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက မော်ဒန်ကဗျာဆုပေးတာကို မကန့်ကွက် ဘူး။ နှစ်ဆုပေးစေချင်တဲ့ဆန္ဒပဲရှိတယ်။ ဂန္ထဝင်ကဗျာဆိုတာကတော့ ဘယ်တော့ မှပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ဂန္ထဝင်ကဗျာဆိုတာ အမြဲတမ်းရှင်သန်နေ မှာပဲဖြစ်ပါတယ်။
မေး။ အခုလက်ရှိအစိုးရကနေ အမျိုး သားအကျိုးစီးပွားအပေါ် ဆောင်
ရွက်မှုအားနည်းတယ်လို့ ပြောဆိုနေကြ တဲ့အပေါ် ဆရာအနေနဲ့ဘယ်လိုမြင်ပါ သလဲ။
ဖြေ။ အားလုံးမြင်တွေ့နေတဲ့အတိုင်း ပါပဲ။ ခုခေတ်လူငယ်တွေကလည်း
ကျွန်တော်တို့လူကြီးတွေထက်တောင် ပိုပြီးတော့ အတွေးအမြင်ထက်မြက်တဲ့သူ တွေဖြစ်တော့ ကိုယ့်ဟာနဲ့ကိုယ်ကောက် ချက်ချလို့ရပါတယ်။ ဖြစ်စဉ်အခြေအနေ မှန်ကို အကဲဖြတ်ကောက်ချက်ချတာက တော့ လူငယ်တိုင်းလူငယ်တိုင်းက ကျွမ်း ကျင်ကြတဲ့အတွက် ကျွန်တော်အထူး တလည် မီးမောင်းတော့ထိုးပြစရာမလို ပါဘူး။
မေး။ ဂန္ထဝင်ကဗျာအပေါ် စိတ်ဝင်စား တဲ့ အနာဂတ်လူငယ်တွေနဲ့ ပတ်
သက်ပြီး အကြံပြုပြောကြားပေးပါဦး။
ဖြေ။ မြန်မာကဗျာဆိုတာဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။
ကာဗျဆိုတဲ့စကားလုံးကနေ ဆင်းသက် လာတာ။ မြန်မာကဗျာဆိုတာ အသံသာ ယာတယ်။ ကာရန်ပါတယ်။ နောက်ပြီး ဖတ်ရှုတဲ့သူတွေကို နားဝင်ချိုစေတယ်။အားမာန်ပေးနိုင်သလို အလွမ်း၊ အဆွေး၊ အချစ်ကိုလည်းပေးနိုင်တယ်။ ရသစုံပေး နိုင်တဲ့အတွက်ကြောင့် မြန်မာဂန္ထဝင် ကဗျာတွေကို လေ့လာဖတ်ရှုခံစားကြည့် ရင်းနဲ့ အားမာန်တွေပေးတဲ့ကဗျာတွေ ဖတ်ရှုပြီး အားတက်လာအောင်။ အချစ်၊ အလွမ်းရသတွေပေးတဲ့ ကဗျာတွေဖတ်ရှု ပြီးတော့လည်း လူ့ဘဝရဲ့အလင်းရောင် တွေ ခံစားရှုမြင်တတ်လာအောင် မြန်မာ ဂန္ထဝင်ကဗျာတွေကို လေ့လာဖတ်ရှုကြည့် ဖို့တိုက်တွန်းလိုပါတယ်။
မေး။ လူငယ်တွေ အခုလိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှုပိုမိုများပြား
လာအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ အကြံပြုပြောကြားပေးပါ။
ဖြေ။ လူငယ်တွေ ဒီပြိုင်ပွဲတွေပါလာ အောင် ကြေညာချက်တွေများများ
ထုတ်ပြန်သင့်တယ်။ နောက်ပြီး ဒီလို အကြောင်းအရာတွေလုပ်ကိုင်နေတယ် ဆိုတာကို သိအောင်လုပ်ဖို့လိုတယ်။ လူ အများစုသိအောင်လုပ်ဖို့လိုတယ်။ကိုယ် လုပ်နေတဲ့ဥစ္စာလေးကိုကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်ကလေးဆိုရင်တော့ လူသိ မများနိုင်ဘူး။လူငယ်တွေသိအောင်လည်း ဖေ့စ်ဘုတ်တွေ၊ အင်တာနက်တွေကနေ အကောင့်ဖွင့်ထားတဲ့ အကောင့်ပိုင်ရှင် တွေကနေတစ်ဆင့်တစ်ဆင့်ပေါ့နော်။ ပြည်ထောင်စုသတင်းစာဆိုရင်လည်း သူ့ အကောင့်နဲ့သူရှိမယ်။ အဲ့ဒီမှာပါတဲ့ အယ်ဒီ တာတွေ၊ အဖွဲ့ဝင်တွေဆို သူ့အကောင့်နဲ့ သူတို့ရှိမယ်။ အဲဒီကနေပြီး ကျွန်တော်တို့ရဲ့ စိမ်းလန်းရွှေပြည်စာပေဆုနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာဖြစ်တဲ့ အကြောင်းတွေ ကို မျှဝေသင့်တယ်လို့ ယူဆပါတယ်။