images
UN
UN
ဆီးချိုသွေးတိုးနှလုံးရောဂါများကြောင့် အသက်မဆုံးကြစေဖို့
ပေါက်ပေါက် Thursday, 16 May 2019
ရှေးယခင်ကလူသားများကို ခြိမ်း ခြောက်လျက်ရှိသော ရောဂါအများစုမှာ ကူးစက်တတ်သောရောဂါများဖြစ်ပြီးယနေ့ ခေတ်တွင် မကူးစက်တတ်သော ရောဂါ များက ပို၍ဒုက္ခပေးလျက်ရှိတာကိုတွေ့ ရပါတယ်။ ၄င်းရောဂါဆိုးများတွင်ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ ပါဝင်နေကြ ပါတယ်။ ၂ဝ၁၄ခုနှစ် မြန်မာနိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့၏ ကောက်ယူထားသော စစ်တမ်းများအရ လူဆယ်ဦးလျှင် တစ်ဦး နှုန်း ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားပြီး လေးဦးလျှင် တစ်ဦးနှုန်း သွေးတိုးရောဂါ ဖြစ်ပွားနေကြောင်း အဖြေထွက်ရှိခဲ့ပါ တယ်။ ၄င်းစစ်တမ်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၄ခုနှစ်ကစတင်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ နှစ်ဦး တွင် ယခုလိုအဖြေထွက်ရှိခဲ့တာ ဖြစ်ပါ တယ်။
အဆိုပါအဖြေထွက်ရှိမှု စစ်တမ်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအသက် ၄ဝနှင့်အထက် ခန့်မှန်းလူဦးရေနှစ်သန်း ကျော်ကို အခမဲ့စစ်ဆေးကုသပေးသော အစီအစဉ်ကို ၂ဝ၁၉ခုနှစ်အတွင်း စတင် သွားမည်ဖြစ်ပါတယ်။ ထိုအစီအစဉ်အရ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ဒေသန္တရ ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများစသည့် ဆေးရုံ၊ ဆေးခန်း ၆၂၉ခုတို့ ဖွင့်လှစ်၍ ကုသပေးမှာဖြစ်ပါတယ်။ ယင်းဆေးခန်း များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံး ချိန်အတွင်းဖွင့်လှစ်မည်ဖြစ်ကာ ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးခြင်း၊ ကုသပေး ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ အပြင်လိုအပ်ပါကဆေးရုံများသို့လွှဲပြောင်း ကုသပေးနိုင်ရန်အတွက်ပါ စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိတွင် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများကိုမကိုင်တွယ်နိုင်ပါကနောင်ငါး နှစ်အကြာ ကျန်းမာရေးဘတ်ဂျက်၏ ၇ဝ ရာခိုင်နှုန်းမှာအဆိုပါရောဂါများထဲသို့ရောက် ရှိနိုင်ကြောင်းလေ့လာသိရှိရပါတယ်။
ဆီးချိုရောဂါ
ဆီးချိုရောဂါဆိုသည်မှာမုန့် ချိုအိတ် (ခေါ်) ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း အထွက်နည်းခြင်း(သို့မဟုတ်) ကိုယ်ခန္ဓာ မှ အင်ဆူလင်ဟော်မုန်းခုခံအားများခြင်း ကြောင့် သွေးတွင်းသကြားဓာတ် မြင့် တက်လာခြင်းကို ခေါ်ပါတယ်။ ဆီးချို ရောဂါများတွင် (က) အမျိုးအစား(၁) ဆီးချိုရောဂါ၊ (ခ) အမျိုးအစား(၂) ဆီးချို ရောဂါ၊ (ဂ)ကိုယ်ဝန်ဆောင်မိခင်များတွင် တွေ့ရသော ဆီးချိုရောဂါနှင့် (ဃ)အခြား ဆီးချိုအမျိုးအစားများ ဖြစ်ကြပါတယ်။ ကမ္ဘာတစ်ဝန်း အဖြစ်များသော အမျိုး အစားမှာ အမျိုးအစား(၁)နှင့်အမျိုးအစား (၂)ဆီးချိုရောဂါတို့ ဖြစ်ကြပါတယ်။ ၄င်း နှစ်မျိုးအနက် အမျိုးအစား(၂)က ပို၍ အဖြစ်များပါတယ်။
အမျိုးအစား-၁ ဆီးချိုရောဂါဟာ အသက် ၁၈နှစ်အောက် ကလေးများတွင် ဖြစ်ပွားပြီး၊ အမျိုးအစား-၂ ဆီးချိုရောဂါ က လူကြီးလူရွယ်များတွင် ဖြစ်ပွားကြပါ တယ်။ အမျိုးအစား-၁ ကလေးဆီးချို ရောဂါဟာ ကိုယ်ခန္ဓာအတွင်းအင်ဆူလင် လုံလောက်စွာ မရရှိခြင်းကြောင့် အင်ဆူ လင်ကို နေ့တိုင်းဆေးထိုးပေးခြင်းဖြင့်သာ ကုသနိုင်သည့်ရောဂါဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုသော် ကိုယ်ခံအားစနစ်က သရက်ရွက်ထဲရှိအင်ဆူလင်ထုတ်လုပ်သော ဆဲလ်များကို မှားယွင်းစွာတိုက်ခတ်သော ကြောင့်အမျိုးအစား-၁ ဆီးချိုရောဂါ ဖြစ် ပေါ်လာရပါတယ်။

အမျိုးအစား-၂ ဆီးချိုရောဂါဟာ၊ ခန္ဓာကိုယ်ထဲမှာအင်ဆူလင်ကို တုံ့ပြန်နိုင် အား ကျဆင်းလာသည့်အတွက် အင်ဆူ လင်မလိုအပ်ဘဲ အင်ဆူလင်ကိုတုံ့ပြန်ပေး နိုင်စွမ်းသော ဆေးဝါးများလိုအပ်ခြင်း ကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ယနေ့ ကမ္ဘာ့လူသားများအမျိုးအစား-၂ ဆီးချို ရောဂါ အဖြစ်များကြပြီး၊ သက်ကြီးပိုင်း တွင်ဖြစ်လေ့ရှိသော ဆီးချိုရောဂါသည် အားလုံး၏ ၉၅ရာခိုင်နှုန်းက အမျိုး အစား-၂ ဖြစ်ပါတယ်။ ၄င်းရောဂါကို 'ဆီးချိုရောဂါ'ဟု အတိုကောက်ခေါ်လေ့ ရှိပါတယ်။ ပျမ်းမျှအသက်၃၅နှစ်အထက် မှာ အမျိုးအစား-၂ ဆီးချိုရောဂါ စတင် ဖြစ်လေ့ရှိပြီး၊ သွေးတိုးရောဂါ၊ နှလုံး ရောဂါပြဿနာတို့နှင့်လည်း ဆက်စပ်နေ ပါတယ်။
လေ့လာတွေ့ ရှိချက်များအရ ဆီးချို သွေးချို ရောဂါဟာအမျိုးသားများထက် အမျိုးသမီးတွေမှာပို၍အဖြစ်များပါတယ်။ ဒါ့ပြင် ဆီးချို ၊သွေးချိုရောဂါရှိသူ အမျိုး သမီးတွေဟာ ယင်းရောဂါရှိသော အမျိုး သားများထက် လေဖြတ်နိုင်ခြေ သုံးဆခန့် ပိုများနေတတ်ပါသေးတယ်။ အကြောင်း မှာ အမျိုးသမီးများ၏ သွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များနှင့် သွေးရည်အပျစ် အကျဲ ပြောင်းလဲမှုစနစ်များဟာ အမျိုး သားများလောက် ကောင်းစွာမလုပ်ဆောင် နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးများဟာ အမျိုးသားများထက် ကိုယ်အလေးချိန်လျော့ကျရန် ယေဘုယျ အားဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ရွေးချယ်စား သောက်တတ်ကြသော်လည်း၊ ကိုယ် လက် လှုပ်ရှားမှုအပိုင်းမှာတော့ လွန်စွာ အားနည်းနေတာကို တွေ့ရပါတယ်။ ဒါ ကြောင့် အမျိုးသမီးဖြစ်စေ၊ အမျိုးသား ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန် ပြုလုပ်သင့်ပြီး၊ ကိုယ်အလေးချိန် မတက် အောင်လည်း ကျန်းမာရေးအသိ သတိတို့ ဖြင့် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက် သင့်ပါတယ်။
၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလဆန်း စာရင်းမှတ်တမ်းအရ ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆီးချိုကလေးငယ် ၁၈ဝ ကျော်ကိုလက်ခံကုသပေးနေပြီး လိုအပ် သော အင်ဆူလင်၊ အခြားဆေးဝါးများနှင့် အခြားထောက်ပံ့ပစ္စည်းများကိုပါ အခမဲ့ ထုတ်ယူနိုင်ပါတယ်။ ရန်ကုန်ကလေး ဆေးရုံကြီးတွင် တစ်နိုင်ငံလုံးမှ ဆီးချို ကလေးငယ်များကိုဆေးကုသမှုပေးနေပြီး နယ်ဝေးမှ ဆေးထုတ်ယူမည့် လူနာရှင် များအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီး သို့လာစရာမလိုဘဲ နီးစပ်ရာဆေးရုံများ တွင် ဆေးထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် အသက် (၁၈နှစ်) အောက် ကလေးဆီးချိုရောဂါကို ၂ဝ၁၄ ခုနှစ်တွင် ၂၃ဦး၊ ၂ဝ၁၅ခုနှစ်တွင် ၁၅ဦး၊ ၂ဝ၁၆ခုနှစ်တွင် ၁၂ဦး၊ ၂ဝ၁၇ခုနှစ်တွင် ၄၉ဦး၊၂ဝ၁၈ခုနှစ်တွင်၇၂ဦးဖြင့်စုစုပေါင်း ၁၇၁ဦးအား ကုသပေးလျက်ရှိပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ကလေး၆ဦး ကိုလည်း ကုသပေးနေပါတယ်။ အဆိုပါ မှတ်တမ်းအရ ၂ဝ၁၉ခုနှစ် နှစ်ဦးပိုင်း အတွင်း တစ်နိုင်ငံလုံးအနေဖြင့်ကလေး ဆီးချိုဝေဒနာရှင် ၁၇၇ဦးတို့အား ရန်ကုန် ကလေးဆေးရုံကြီး (ဟယ်လ်ပင်)မှကုသ ပေးနေကြောင်းသိရပါတယ်။
ကလေးဆီးချို ဖြစ်ပွားပါကရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်)ကလေးဆီးချိုဌာန၊ ဖုန်းဝ၉- ၄ဝ၄၄၇၇၁၄၇သို့ (ရုံးချိန်အတွင်း) တိုက် ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါ တယ်။ ယနေ့ အမေရိကန်နိုင်ငံတွင် သွေးတိုး ရောဂါကြောင့် ကြီးမားသောကျန်းမာရေး ဆိုင်ရာစိုးရိမ်စရာအခြေအနေဖြစ်ပြီး၊ လူသန်း ၁ဝဝကျော်ကိုထိခိုက်နေ ကြောင်း အမေရိကန်နှလုံးရောဂါ အဖွဲ အစည်းမှ သတိပေးထားပါတယ်။ သွေးတိုးရောဂါ ကြောင့်နှလုံးသွေးကြောများ မာကျော ကျစ်လျစ်လာပြီးနှလုံးသွေးကြော ကျဉ်း ခြင်း(သို့မဟုတ်)ပိတ်ဆို့ခြင်း၊ နှလုံးကြွက် သားများထူထဲလာခြင်း၊ နှလုံးညှစ်အား လျော့နည်းလာခြင်းစသည့် နှလုံးရောဂါ အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ လေ့လာ ဆန်းစစ်ချက်များအရ သွေးတိုးရောဂါ၏ သုံးရာခိုင်နှုန်းခန့် ဟာ နှလုံးရောဂါကိုပါ တွဲဖြစ်လာလေ့ရှိပါတယ်။ သွေးမတိုးစေ ဖို့အတွက်အဓိကအားဖြင့် ဆား(အငန်) တွေလျှော့စားရမှာဖြစ်ပြီး၊ အိပ်ရေးဝဝ အိပ်ပေးဖို့နှင့် အမျက်ဒေါသမထွက်စေဖို့ လည်းလိုအပ်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်လာပါက နှလုံးခုန်နှုန်းပါမြင့် တက်လာလေ့ရှိတာကြောင့် သွေးပေါင် ချိန်တိုင်းတာခြင်းဖြင့် နှလုံးခုန်နှုန်းကိုပါ တစ်ပါတည်း သိနိုင်ပါတယ်။ ဒါကြောင့် သင့်နှလုံးကိုကာကွယ်သည့်အနေဖြင့်သွေး ပေါင်ချိန်မတက်အောင် ထိန်းသိမ်းပါ။
ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို ''တိတ်တဆိတ် လူ သတ်သမား(Silent Killer)}''ဟုခေါ်ဝေါ် ကြပါတယ်။ အကြောင်းမှာ ၄င်းရောဂါရှိ နေခြင်းကိုနှစ်ပေါင်းများစွာ လက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရှိတတ်သောရောဂါ ဖြစ်ပါတယ်။သွေးတိုးရောဂါဟာအသက် အရွယ်မရွေးကျား၊မမရွေးဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင်လူလေးဦးလျှင် တစ်ဦး နှုန်းသွေးတိုးရောဂါ ခံစားနေရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကောက် ယူခဲ့သောစစ်တမ်းများအရ ၂ဝ၁၈ ခုနှစ်၊ နှစ်ကုန်ခါနီးကာလအထိ ပြည်တွင်းရှိ အသက် ၂၅နှင့် ၆၅ နှစ်အကြားစုစု ပေါင်း လူဦးရေ၏ ၂၆ ဒသမ ၅ ရာခိုင်နှုန်းခန့် တွင် သွေးတိုးရောဂါဖြစ်ပွားနေကြောင်း သိရပါတယ်။
အသက်အရွယ်ကြီးလေသွေး တိုး ဖြစ်ပွားမှုများလေဖြစ်ရာအသက် ၇ဝ အရွယ်တွင် ရာခိုင်နှုန်း ၄ဝ မှ ၅ဝ ခန့် ဟာနာတာရှည်သွေးတိုးလူနာများ ဖြစ်ကြ ပါတယ်။ကိုယ်ဝန်ဆောင်များလည်း သွေး တိုးတတ်ပါတယ်။ သွေးတိုးရောဂါရှိစဉ် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေဆိပ်တက်၍ မိခင်နှင့်ကလေးကိုပါ အသက်အန္တရာယ်ရှိ စေနိုင်ပါတယ်။ မိခင်တွင် သန္ဓေဖော ရောင်ခြင်း၊ သန္ဓေဆိပ် တက်ခြင်းဖြစ်၍ သန္ဓေသားတွင်လည်း ခန္ဓာကိုယ်ချို့ယွင်း မှုများဖြစ်လာနိင်ပါတယ်။
လူတစ်ဦးတွင်သွေးပေါင်ချိန် ၁၄ဝ/ ၉ဝနှင့်အထက်ရှိပါက သွေးတိုးရောဂါ ဖြစ်ပွားနေသည်ဟု သတ်မှတ်ထားပြီး အများအားဖြင့်အသက်ငယ်ရွယ်သူများ ကရောဂါအခံတစ်စုံတစ်ရာကြောင့်သွေးတိုး ရောဂါဖြစ်လေ့ရှိသော်လည်း အသက်ကြီး သူများတွင် ရောဂါအခံမရှိဘဲ နှင့်လည်း သွေးတိုးရောဂါဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် နေ ထိုင်စားသောက်မှု မရှိသူများတွင် သွေး တိုးရောဂါအဖြစ်များပြီး၊ ကိုယ်လက်လေ့ ကျင့်ခန်းမလုပ်သူများ၊ အဝလွန်သူများ၊ အဆီများသူများနှင့်ဆီးချိုရောဂါရှိသူများ တွင်သွေးတိုး ရောဂါဖြစ်နိုင်ခြေပိုများပါ တယ်။
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ် ထောင်မှာသွေးတိုးရောဂါခံစားနေကြရပြီး၊ နှစ်စဉ် ၇ ဒသမ ၁ သန်း သေဆုံးနေပါ တယ်။ မြန်မာနိုင်ငံမှာလည်း သွေးတိုး ရောဂါခံစားနေရသူဦးရေဟာ တစ်နှစ် ထက်တစ်နှစ်ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏စစ်တမ်းများမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါ
သွေးတိုးရောဂါရှိခြင်း၊ သွေးထဲတွင် မကောင်းသေLDL ကိုလက်စထရော တွေများပြားနေခြင်း၊သွေးကြောများအနည် ကျပိတ်ဆို့ ခြင်းတို့ က သွေးလွှတ်ကြော (artery) နှင့် သွေးပြန်ကြော (vein) များ ကိုပျက်စီးစေကာနှလုံးနှင့် နှလုံးသွေး ကြောရောဂါအမျိုးမျိုးတို့ကို ထိခိုက်စေ ပါတယ်။ ဆီးချိုရောဂါရှိသူများဟာ ၄င်းရောဂါမရှိသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေအလားအလာ၃ဆမျှရှိပါတယ်။ အထူးသဖြင့် အမျိုးအစား-၂ ဆီးချို ရောဂါ၏ နောက်ဆက်တွဲဆင့်ပွား ရောဂါ များအဖြစ် နှလုံးရောဂါနှင့်အတူ ခြေဖျား လက်ဖျားသွေးကြောကျဉ်းခြင်း၊ လေဖြန်း ခြင်း၊လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
သာမန်ထက် ကိုယ်အလေးချိန်ပိုများ သောကလေးများဟာ အရွယ်ရောက် ချိန်တွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြင့် သေဆုံးနိုင်သည့် အန္တရာယ်သုံးဆ မြင့်မားကြပါတယ်။ အဝလွန်ခြင်းက ကလေးများအတွင်းအရွယ်မတိုင်မီ နှလုံး ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ်မြင့်မား စေ၍ လူကြီးမိဘများအနေဖြင့် ဂရုစိုက် ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ကလေးများမှာလိုအပ်သလောက် ခန္ဓာ ကိုယ်လှုပ်ရှားခြင်းမရှိဘဲ ကယ်လိုရီစား သုံးမှုများလွန်းရာမှအဝလွန်ဖြစ်လာနိုင်ပါ တယ်။ ကလေးများကိုယ်လက် လှုပ်ရှား မှု ပုံမှန်လုပ်လာစေရန်နှင့် ကျန်းမာရေး နှင့်အညီစားသောက်နေထိုင်ရန် မိဘများ၊ စာသင်ကျောင်းနှင့် အသိုက်အဝန်း၏ အခြားအစိတ်အပိုင်းများနှင့်အတူ ပြင်ဆင် မှုများ လုပ်ဆောင်ပေးသင့်ပါတယ်။ကလေးအဝလွန်ခြင်းကြောင့် ကြီးကောင် ဝင်စအရွယ်တွင် နှလုံးထိခိုက်မှု ဖြစ