images
UN
UN
ရှေ့တည့်တည့်မတိုက်ဘဲ ဘေးကနေတိုက်ပြီး နောက်ကျောဓားနဲ့ထိုးတာ ဘယ်လိုပဲတိုက်တိုက် ဘယ်တော့မှမတိမ်ကော မပပျောက်ဘူးလို့ခံယူတယ်
ထက်မြက်အောင် Friday, 17 May 2019

မေး။ ဒီနေ့ဆုရရှိတာနဲ့ ပတ်သက်ပြီး တော့ရယ်၊ အခုလို ဆုချီးမြှင့်ပွဲပြု
လုပ်ပေးတဲ့အပေါ် ပြောပြပေးပါ။
ဖြေ။ ဒီနေ့ပွဲလေးကတော့ ကျွန်တော်တို့ အတွက်အားဖြစ်စေတဲ့ပွဲလေးပေါ့။
အဲတော့ ဒီနေရာ ဆရာမြင်းမူမောင်နိုင်မိုး ပြောခဲ့သလိုပဲ။ ကျွန်တော်တို့ကိုအားပေး မယ့်သူ၊ စောင့်ရှောက်မယ့်သူ ကူညီမယ့် ပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုက ပေါ်လာတဲ့ အတွက် ကျွန်တော်တို့အတွက် အားဖြစ် စေတယ်။ အားဖြစ်ရတယ်။ အားဖြစ်ရ တာနဲ့အမျှ ဂန္ထဝင်ကဗျာဟာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု ဟိုးပုဂံခေတ်ကတည်း ကဆင်းသက်လာတဲ့ အနုပညာပစ္စည်း အစစ်အမှန်ဖြစ်တဲ့အတွက် ဘယ်တော့မှ မတိမ်ကော မပပျောက် မကွယ်ပျောက် ဘူးလို့ခံယူတယ်။ ဒီနေ့ ဒီလိုဆုရရှိတဲ့ အတွက်ပီတိလည်းဖြစ်တယ်။ဝမ်းလည်း သာတယ်။ ဝမ်းသာတာက ဒီပိုက်ဆံရ တာထက် ဒီဂန္ထဝင်ပွဲမှာ ဆုရတဲ့အတွက် ပိုပြီးတော့ဝမ်းသာတယ်။ ပထမနှစ်က ပြိုင်ခဲ့ဖူးတယ်။ ဆုမရခဲ့ပါဘူး။
မေး။ စာပေလွတ်လပ်မှုနဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ။ စာပေလွတ်လပ်မှုကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတော့ လွတ်
လပ်တာပေါ့။ ဒီအစိုးရကလည်းချုပ်ချယ် တာတော့ မဟုတ်ဘူး။ ချုပ်ချယ်တာ မဟုတ်ပေမယ့် ကျွန်တော်တို့ကို ရှေ့တည့် တည့်မတိုက်ဘဲ ဘေးကနေတိုက်ပြီး နောက်ကျောကနေဓားနဲ့ထိုးတာ အဲဒီ သဘောပါ။ အဲလိုပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ ဂန္ထဝင်နဲ့ပတ်သက်လို့ ကျွန်တော်က အဲလိုပဲမြင်တယ်။ နောက် ထပ်ပွဲတွေမှာ ဒီထက်မကကြီးကျယ်တဲ့ ဒီထက်မက ဘာသာရပ်တွေစုံတဲ့ ပွဲတွေ ဖြစ်ဖို့ကိုလည်း မျှော်လင့်ထားတယ်။နောက်ပြီးတော့ ဒီ ခုနက ဥက္ကဋ္ဌကြီးပြော သွားတယ် မဟုတ်လား။ ကလေးစာပေ လူငယ်စာပေတို့ပါ ထည့်သွင်းကျင်းပ ပေးမယ်ဆိုတဲ့အတွက် ပိုပြီးတော့လည်း အားတက်ရတယ်။ ပိုပြီးတော့လည်း ဝမ်းမြောက်ဝမ်းသာလည်း ဖြစ်တယ်။ ဂန္ထဝင်စာပေဟာ ဘယ်လိုပဲဘေးကနေ ခလောက်ဆန် အကောက်ကြံပြီးတော့ ဘယ်လိုပဲတိုက်တိုက် ကျွန်တော်တို့ ဘယ်တော့မှ မကျသလို ဘယ်တော့မှ မတိမ်ကော မပပျောက်ဘူးလို့ ကျွန်တော် ခံယူထားတယ်။ ယုံလည်းယုံကြည် တယ်။
မေး။ အခုလိုစာပေဆုချီးမြှင့်ပွဲ ပြုလုပ် ပေးတာနဲ့ပတ်သက်လို့ ဘာများ
ပြောချင်ပါသလဲ။
ဖြေ။ ဒီနေ့ပွဲကအင်မတန် မင်္ဂလာရှိတဲ့ပွဲ ဖြစ်တယ်။ အဲလိုမင်္ဂလာရှိတဲ့ပွဲတွေ
နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ခြင်းဟာဒီပွဲက ကောင်းမှုကုသိုလ်တစ်ခုပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ အမျိုးသားရေး စာပေနဲ့ပတ်သက်ပြီးတော့ တစ်ထောင့် တစ်နေရာကနေ တတ်နိုင်သလောက် ကူညီထိန်းသိမ်းပြီးတော့ ဆောင်ရွက်ပေး တာဖြစ်တဲ့အတွက် အားနည်းသူကို ကူညီ ပေးတာဖြစ်တဲ့အတွက် မင်္ဂလာရှိတဲ့ပွဲလို့ အဲတော့ ဒီပွဲမျိုး နှစ်စဉ်နှစ်တိုင်းကျင်းပ နိုင်ပါစေလို့ ကျွန်တော် အမြဲတမ်းလည်း ဆုတောင်းတယ်။ ကျင်းပနိုင်လိမ့်မယ်လို့ လည်း ကျွန်တော် အမြဲတမ်းယုံကြည် တယ်။