images
UN
UN
5G မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်သို့ အဆင့်မြှင့်တင်ရန် အူရီဒူးကြိုးပမ်းမည်
NG Friday, 17 May 2019

မြန်မာနိုင်ငံအတွင်း၌ မိုဘိုင်းလ် ဆက်သွယ်ရေးနှင့်ဆိုင်သည့် ဝန် ဆောင်မှုများ ပေးအပ်နေသော ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူး သည် ၅ွ မိုဘိုင်းလ်ဆက်သွယ် ရေးစနစ်သို့ အဆင့်မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
အူရီဒူးသည် လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်းရှိ ၄င်း၏ဆက် သွယ်ရေးကွန်ရက်အား NG အဆင့် သို့ ပြောင်းလဲထားပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ဖြစ်သည့် 5G အဆင့်သို့ အဆင့် မြှင့်တင်နိုင်ရန်အတွက် ပြင်ဆင် နေခြင်းဖြစ်သည်။ အူရီဒူးသည် မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ် ရေးကွန်ရက်အား 5G အဆင့်သို့ အဆင့်မြှင့်တင်ရာ၌ တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ZTE နှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အူရီဒူးနှင့် ZTE တို့သည် မြန်မာ နိုင်ငံအတွင်းရှိ အူရီဒူး၏ ဆက် သွယ်ရေးကွန်ရက်အား 5G အဆင့် သို့ အဆင့်မြှင့်တင်ရန်အတွက် နား လည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှနိုင်ငံများ ထဲ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းမြင့်မားမည့်အလားအလာကို ပိုင်ဆိုင်နေပြီး အရှေ့တောင်အာရှ နိုင်ငံများထဲတွင် 5G မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ကို ပထမဆုံး အဆင့်မြှင့်တင်နိုင်သည့် နိုင်ငံဖြစ် လာရန်လည်း နီးစပ်လျက်ရှိကြောင်း သိရသည်။