images
UN
UN
အခမဲ့ဆေးကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နိုင်လင်း Saturday, 18 May 2019

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပြည်သူ များအား နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့)ဆောင်ရွက် ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား နယ်လှည့်ကွင်း ဆင်းဆောင်ရွက်လျက်ရှိရာ သဲကုန်းမြို့နယ် အင်းမမြို့ မအူကုန်း ကျေးရွာသို့ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုး၊ လက်ထောက်ဆရာဝန်နှစ်ဦးနှင့်ဝန်ထမ်း များက ပြည်သူ ၆၉ ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို သွေးချိုစစ်ပေးခြင်း၊သွေးလွန်တုပ်ကွေးစစ်ပေးခြင်းနှင့်လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့သည်။
ထို့နောက် ဒေါက်တာခွန်မောင်အိုးနှင့်လက်ထောက်ဆရာဝန် များက ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနှင့်ငါးနှစ်အောက်ကလေး များကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်ခြင်း စသည့်သိကောင်းစရာများကို အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။