images
UN
UN
အပြစ်မတင်ဘဲ တက်ညီလက်ညီနဲ့စုပေါင်းလုပ်ကြရင် အောင်မြင်မယ်လူငယ်တွေစိတ်ပါဝင်စားလာအောင် ဂန္ထဝင်စာပေကိုမျိုးစေ့ချပေးမြေတောင်မြှောက်ပေးရမယ်
မင်းသုခ Saturday, 18 May 2019
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် 'မဲဇာမြိုင်ဂနိုင်တွင်းမှာ ပန်းတစ်ခင်းပျိုးခဲ့တယ်' အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် (စာပေပဒေသာ) အကောင်းဆုံး(စာအုပ်)ဆု ရရှိခဲ့သည့် ရွှေညောင်မြေမောင်စန်းမြင့်နှင့် တွေ့ဆုံ၍ အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်ကာ ဂန္ထဝင်ကဗျာ၊ စာပေတို့၏ လက်ရှိကာလဖြစ်ပေါ်နေသော အခန်းကဏ္ဍ၊ ဂန္ထဝင်ကဗျာအပေါ် လူငယ်များ၏ စိတ်ပါဝင်စားမှုအကြောင်း မေးမြန်းထားမှုကို ရေးသားဖော်ပြလိုက်ရပါသည်။

မေး။ ဆုရတဲ့ စာပေအမျိုးအစားပြော ပြပေးပါလားဆရာ။
ဖြေ။ မင်္ဂလာပါ ကျွန်တော်ကတော့ ရွှေ ညောင်မြေမောင်စန်းမြင့်ပါ ၂ဝ၁၇
ခုနှစ်အတွက် ဆောင်းပါးပေါင်းချုပ်စာ ပေ အကောင်းဆုံးစာအုပ်ဆုပေါ့နော် အဲ့ဒီဆုရရှိခဲ့ပါတယ်။
မေး။ စာပေဆုရတဲ့အတွက် ဘယ်လို ခံစားရလဲ။
ဖြေ။ ပီတိဖြစ်တာပေါ့။စိမ်းလန်းရွှေပြည် စာပေဆုပေါ်ပေါက်ခဲ့တာကို ပို
ပြီးတော့ ပီတိဖြစ်ပါတယ်။ ဘာဖြစ်လို့ ပီတိဖြစ်တာလဲဆိုတော့ စိမ်းလန်ရွှေပြည် စာပေဆုက စာပေသမားတွေမျှော်လင့် နေတဲ့လိုအပ်တဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ပေးလိုက်တဲ့ အဖွဲ့အစည်းတစ်ခုလို့ မြင်ပါတယ်။ ဂန္ထဝင်စာပေတွေ အောင် မြင်ဖို့ရာအတွက် ဒီအဖွဲ့အစည်းဟာ မရှိ မဖြစ်လိုအပ်တဲ့အဖွဲ့အစည်းလို့ ဆရာတို့ မြင်ပါတယ်။

မေး။ အမျိုးသားရေးစိတ်ဓာတ်တွေ လျော့ပါးနေတဲ့အချိန်မှာ ဒီလိုမျိုး
လုပ်ပေးတာကို ဆရာ့အနေနဲ့ဘယ်လိုများ သုံးသပ်မိလဲ။
ဖြေ။ အမျိုးသားရေးနဲ့ ပတ်သက်လို့ အမျိုးသားရေး လက္ခဏာအနေနဲ့
တော့အားလုံးမှာတာဝန်ရှိတယ်လို့ ဆရာ အနေနဲ့ယူဆပါတယ်။ လောလောဆယ် အခြေအနေကတော့ အားနည်းနေတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေအား လုံးကို တက်ညီလက်ညီနဲ့ သူကြောင့်ငါ ကြောင့်ဆိုတာတွေကို အပြစ်တင်ပုံချ မနေကြဘဲနဲ့တက်ညီလက်ညီနဲ့ စုပေါင်း လုပ်ကြမယ်ဆိုရင်တော့ အောင်မြင်မယ် လို့ထင်ပါတယ်။
မေး။ အမျိုးသားရေးနဲ့ ပတ်သက်လို့ ဒီ လိုဂန္ထဝင်ကဗျာတွေကို လက်ရှိ
အစိုးရဆောင်ရွက်နေတာကိုရော ဆရာ တို့အနေနဲ့ အားကျကျေနပ်မှုရှိရဲ့လား။
ဖြေ။ ဂန္ထဝင်ကဗျာတွေနဲ့ ပတ်သက်လို့ စိမ်မချမ်းသာစရာတွေ အများကြီး
ကြုံတွေ့ခဲ့ရပါတယ်။ ဂန္ထဝင်ကဗျာနဲ့ ပတ် သက်လို့ ဆရာတို့ငယ်ငယ်တုန်းကကွာ ဒီဂန္ထဝင်ကဗျာနဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရနံ့တွေကို ချစ်ခင်မြတ်နိုးခဲ့ကြတာ ကို။ ဒါပေမဲ့ ခုကျတော့ ဂန္ထဝင်ကဗျာ သည် တော်တော်ကြီးကို အခြေအနေဆိုး ရွားနေတဲ့အခြေအနေဖြစ်တယ်။ ဖြစ်ပျက် နေတဲ့အပေါ်မှာလည်း စာပေသမားတွေ ရော တော်တော်ကို နှလုံးစိတ်ဝမ်းက တော့မအေးချမ်းကြပါဘူး။ ဒါပေမဲ့ ဒီ အခြေအနေလေးမှာ ဒီစိမ်းလန်းရွှေပြည်က ဂန္ထဝင်ကဗျာနဲ့ပတ်သက်လို့ ပြိုင်ပွဲတွေကို မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ ကိုပေါ်ပေါက်လာအောင် လုပ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ကျေးဇူးလည်းတင်ရတာ ပေါ့နော်။
မေး။ ဂန္ထဝင်စာပေတွေအပေါ်မှာ လူငယ် တွေရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်လို့
နည်းနည်းလေး သုံးသပ်ပေးပါဦး။
ဖြေ။ အဲ့ဒါပြောချင်တာ။ဆရာအဲ့ဒါပြော ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင်ဂန္ထ
ဝင်စာပေနဲ့ပတ်သက်လို့ တော်တော်များ များကတော့ လူငယ်တွေနဲ့ ပတ်သက်လို့ စိတ်မဝင်စားဘူးလို့ မနှစ်သက်ကြဘူးလို့ လူငယ်တွေထင်ကြတာ။ ဒါပေမဲ့ ဂန္ထဝင် စာပေနဲ့ပတ်သက်တဲ့လူငယ်တွေရှိတာကို ဆရာတို့ အများကြီးတွေ့ရတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ တချို့လူငယ်တွေဟာ ဂန္ထဝင်စာပေကို တော်တော်ကို လေ့လာ နက်နက်နဲနဲလေ့လာပြီး ကဗျာစပ်ပုံစပ် နည်းတွေ သူ့ရဲ့ထုံးထမ်းစဉ်လာတွေကို လေ့လာပြီးတော့ရေးဖွဲ့ပြီးမှ လိုက်စားနေ တဲ့သူတွေလည်းတွေ့ရပါတယ်။ ဒါပေမဲ့ တော်တော်များများ ထင်ရတာတော့ ဂန္ထဝင်စာပေကို လူငယ်တွေမလေ့လာဘူး လို့ထင်ရတယ်။ ဒါပေမဲ့ အဲ့ဒီလိုလည်း မဟုတ်တော့ဘူး။
လေ့လာတဲ့ကလေးတွေ ကိုလည်း ဆရာတို့တော်တော်များများ တွေ့ရပါတယ်။
မေး။ ခုနက ဥက္ကဋ္ဌကြီးပြောတဲ့အထဲ မှာလည်းပါတယ် အမျိုးသားရေး
လက္ခဏာတွေလျော့ပါးနေချိန် ပြည်သူ လူထုက စိတ်ဝင်စားမှုနည်းပါးနေတဲ့ ပြောတဲ့အပေါ်မှာရော သုံးသပ်ပေးပါဦး။
ဖြေ။ ဥက္ကဋ္ဌကြီးပြောသွားတာကတော့ အမျိုးသားရေးလက္ခဏာအမြင်နဲ့ပေါ့
နော်။ ဒါပေမဲ့ အဲ့ဒီအားနည်းနေတာလေး ကို တက်ညီလက်ညီနဲ့ ဝိုင်းဝန်းပြီးမှ ကြိုး စားကြမယ်ဆိုရင်တော့ ရည်မှန်းချက်ပန်း တိုင်တစ်ခုတော့အောင်မြင်မှာပါ။
မေး။ နောက်လာမယ့် ပြိုင်ပွဲတွေအတွက် ရော လူငယ်ပညာရှင်လေးတွေကို
မွေးထုတ်ပေးဖို့ ဆရာဘာများအကြံပြု ချင်ပါသလဲ။
ဖြေ။ လူငယ်စာပေထားပါတော့နော် စာပေဝါသနာရှင်အားလုံးက ပြိုင်
ပွဲဟူသမျှကို ဝင်ပြိုင်စေချင်ပါတယ်။ ဆရာတို့ လိုအပ်တဲ့အကူအညီဆိုလို့ရှိရင် လည်း ဆရာတို့တတ်နိုင်တဲ့ဘက်က ကူ ညီပေးပါ့မယ်။ လမ်းညွှန်ပေးပါ့မယ်။ နောက်ဒီပြိုင်ပွဲတွေဟာလည်း စာပေဝါ သနာရှင်တွေအတွက် ဝင်ရောက်ယှဉ်ပြိုင် သင့်တဲ့ ပြိုင်ပွဲတစ်ရပ်ပါပဲ။ ဒါကြောင့်ဒီ ပြိုင်ပွဲကို ဘဝတူစာရေးဆရာများအား လုံးတက်ညီလက်ညီနဲ့ ဝိုင်းဝန်းပြီးတော့ ယှဉ်ပြိုင်ကြပါစို့လို့ ဆရာအနေနဲ့ တိုက် တွန်းနှိုးဆော်ပါရစေ။
မေး။ အရင်ခေတ်ကလို ဂန္ထဝင်စာပေ တွေခေတ်စားလာဖို့ဘာတွေလိုအပ်
လဲလို့ ဆရာထင်မိပါသလဲ။
ဖြေ။ ဆရာအနေနဲ့ကတော့ နှစ်ချက်လို အပ်မယ်လို့မြင်တယ်။ ဒီဂန္ထဝင်စာ
ပေကတော့ ခုနကပြောသလိုလောလော ဆယ် ဂန္ထဝင်စာပေရေးနေတဲ့ ဆရာကြီး တွေရဲ့ လက်ရှိကြိုးစားမှုအပေါ်မူတည် သလို၊လူငယ်တွေကိုလည်း လက်တွဲတော့ ခေါ်ယူသင့်တယ်။ တော်တော်များများ တော့ လက်တွဲခေါ်ယူသင့်တယ်။ ဒုတိယ အချက်ကတော့လူငယ်တွေစိတ်ပါဝင်စား လာအောင် ဂန္ထဝင်စာပေတွေကိုသူတို့မျိုး စေ့ချပေးရမယ်။လက်တွဲခေါ်ယူပေးရမယ်။ သင်ကြားပုံသင်ကြားနည်းတွေသူတို့ကို တတ်နိုင်သလောက်မြေတောင်မြှောက်ပေး ရမယ်လို့ဆရာအနေနဲ့ထင်ပါတယ်။အခု လိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။