လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၌
(၁၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ
မြင့်ဦး(အင်းစိန်)
Saturday, 18 May 2019
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ ဝင်များ၏ထူးမြတ်သော(ဗုဒ္ဓနေ့) နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း မင်းဓမ္မကုန်းတော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၏ (၁၈)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူ ဇော်မှုကို အဆိုပါဘုရားကြီး၏ ဂန္ဓကုဋိ တိုက်ရင်ပြင်တော်ပေါ်ရှိ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးခဲ့သော ဒက္ခိဏသာခါ မဟာဗောဓိညောင်ပင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပင့်သံဃာတော်အရှင်သူမြတ် များက ဘုရားကြီးအားဆွမ်း၊ရေချမ်း၊သစ်သီး များဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီး များထံမှ ရှစ်ပါးသီလနှင့်မေတ္တသုတ်ပရိတ် တရားတော်များနာယူကြကာဆရာတော် သံဃာတော်အရှင်သူမြတ်တို့ကလှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး မဟာ ဗောဓိညောင်ပင် တည်ရှိရာသို့ ဆရာတော် ကြီးများ၊ဂေါပကအဖွဲ့ဝင်များ၊ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဝေယျာဝစ္စကုသိုလ် ပြုအဖွဲ့များ၊ သိကြား၊ ဗြဟ္မာ၊ နဂါး၊ ဂဠုန် အဖွဲ့များ၊ ဧည့်သည်တော်များ၊ ဘုရားဖူး လာ ပြည်သူများ၊ကျောင်းသားကျောင်းသူ များက ညောင်ရေအိုးများသယ်ဆောင်၍ ဘုရားကြီးအားလက်ယာရစ်တစ်ပတ်ပူဇော် ကြပြီး မဟာဗောဓိညောင်ပင်ခြေတော်ရင်း မှအစပြုပြီး ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်မှုကို စည်ကားသိုက်မြိုက်စွာသွန်း လောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။