images
UN
UN
ဖွဲ့ စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အားထောက်ခံ ပုဒ်မ-၂၆၁ ပြင်ဆင်ရေးအတွက် လားရှိုးတွင် လူထုအင်အားနှစ်သောင်းကျော် ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Sunday, 19 May 2019
မြန်မာနိုင်ငံအတွင်းရှိ မြန်မာ လူမျိုးများပိုင်ဆိုင်သောအချုပ်အခြာ အာဏာကို တိုင်းတစ်ပါးသားတို့မှ ဝင်ရောက်မထိပါးစေရန်နှင့် နိုင်ငံ သားတို့၏အခွင့်အရေးများ မလျော့ ပါးစေရန်အတွက် ရေးဆွဲပြဋ္ဌာန်း ထားသော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြည့်အဝကာကွယ် စောင့်ရှောက်ပေးနေသည့်တပ်မတော် အားထောက်ခံခြင်းနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး မှ ဝန်ကြီးချုပ်များကိုတိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်မှ ရွေး ကောက်တင်မြှောက်ခွင့်ရရှိစေရန် အတွက် ပုဒ်မ-၂၆၁အား ဥပဒေနှင့် အညီ အမြန်ဆုံးပြင်ဆင်ပေးနိုင်ရန် အတွက် လူထုဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ယနေ့ နံနက် ၇နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့ မြို့တော်ခန်းမရှေ့မှစတင်ကာ ပြည်နယ်မိုးလုံလေလုံခန်းမအတွင်း သို့ လူထုအင်အားနှစ်သောင်းကျော် တက်ရောက်၍ ကျင်းပခဲ့ကြောင်း၊ အဆိုပါပွဲစီစဉ်ရာတွင်ပါဝင်သူ မျိုး ချစ်တပ်ပေါင်းစုအဖွဲ့မှ ကိုသန့်ဇင် ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပွဲတွင် ဦးလှဆွေ (ဘူး လတ်)၊ ဦးအောင်ကျော်ဆန်းတို့က နိုင်ငံအတွက် အရေးကြီးသည့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)အားကာကွယ်ရန် အရေးကြီးသည့် အချက်များ၊ မပြင်ဆင်သင့်သည့်အကြောင်းအရာ များ၊သက်ဆိုင်ရာတိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များကို တိုင်းဒေသကြီးနှင့်ပြည် နယ်လွှတ်တော်မှ ရွေးကောက်တင် မြှောက်ခွင့်ရရှိစေရန်အတွက် ပုဒ်မ- ၂၆၁ကို အမြန်ဆုံးပြင်ဆင်ပေးရန် လိုအပ်သည့်အချက်များ၊တပ်မတော် သည်နိုင်ငံ၏လုံခြုံရေးကိုကာကွယ် ပေးရုံမျှမက၊ နိုင်ငံတော်အဓွန့်ရှည် တည်မြဲရေး၊ တိုင်းတစ်ပါးမှ ဝင် ရောက် မကျူးကျော်လာစေရေး အပါအဝင် ပြည်သူများ၏ အသက် အိုးအိမ်နှင့် ဥပဒေပြဋ္ဌာန်းချက်ပါ နိုင်ငံသားတို့၏ အခွင့်အရေးလျော့ ပါးမှုမရှိစေရေးအတွက် ကာကွယ် ပေးနေသည့် ကိစ္စရပ်များကို ဟော ပြောခဲ့ကြောင်း သိရသည်။
အဆိုပါပွဲသို့သံဃာတော်အပါး ၄၂ဝခန့်တက်ရောက်၍ အမျိုးသား ရေးနှင့် နိုင်ငံရေးတက်ြ<ွကလှုပ်ရှား သူများ၊ အဖွဲ့အစည်းများနှင့် ပါတီ များ၊ ကချင်၊ ကိုးကန့်၊ မုန်းဝန်း- ဗမာ၊ ချယ်ရီကိုးကန့် အမျိုးသမီး အဖွဲ့၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ တန့်ယန်း၊နမ္မတူ၊ သိန္နီ၊ ကွတ်ခိုင်၊မန့်ဆန်၊ကွမ်းလုံ၊ဟိုပန်တို့ မှတိုင်းရင်းသားပြည်သူများ၂၁၅ဝဝ ခန့်အပါအဝင် စုစုပေါင်းအင်အား ၂၂ဝဝဝနီးပါးခန့် ပူးပေါင်းပါဝင်ခဲ့ ကြပြီး လားရှိုးမြို့ မြို့တော်ခန်းမ ရှေ့မှစုရပ်အဖြစ် စတင်စုရုံးကာ လားရှိုး-သိန္နီလမ်းအတိုင်းချီတက် ၍ ဗီနိုင်းပါစာသားများဖြစ်သော 'ပုဒ်မ-၅၉(စ)အား ကာကွယ်စောင့် ရှောက်ရေး (ဒို့အရေး-ဒို့အရေး)'၊ 'ပုဒ်မ-၃၆၁အား ကာကွယ်စောင့် ရှောက်ရေး (ဒို့အရေး-ဒို့အရေး)'၊ ပုဒ်မ-၂၆၁အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး(ဒို့အရေး-ဒို့အရေး)'၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေ နှင့်အညီ ပြင်ဆင်ရေး (ဒို့အရေး-ဒို့အရေး)'၊တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်းရင်းသားများ မှ စိတ်ကြိုက်ရွေးချယ်တင်မြှောက် ခွင့်ရရှိရေး၊ တပ်မတော်အားအစဉ် ဝန်းရံရေး စသည့်စာသားများ ဟစ်ြေ<ွကး၍ ပြည်နယ်မိုးလုံအား ကစားခန်းမအထိချီတက်ခဲ့ကြောင်း သိရသည်။