images
UN
UN
မိုးညှင်းအကျဉ်းထောင်တွင် လုံခြုံရေးတာဝန်ယူနေသော ဟိုပင်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်ထံမှ မူးယစ်ဆေးဝါးတွေ့ရှိ
ကချင်မြေနဂါး Sunday, 19 May 2019
ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်တွင် လုံခြုံရေးတာ ဝန်ထမ်းဆောင်နေသော ဟိုပင် နယ်မြေရဲစခန်း ဒုတပ်ကြပ်တစ်ဦး ထံမှ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများတွေ့ရှိရသဖြင့် ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေနှင့်အရေး ယူနိုင်ရန် စီစဉ်လျက်ရှိသည်။
ဖြစ်ပွားပုံမှာ ယခုလ ၁၇ရက် ညနေ ၅နာရီတွင် မိုးညှင်းအကျဉ်း ထောင်တာဝန်ခံ ဦးသိန်းဇော်မောင် သည် ရေချိုးခန်းနှင့် အိမ်သာတွဲ လျက်အခန်းအားစစ်ဆေးခဲ့ရာ အထဲတွင် တစ်ဦးတစ်ယောက်ရှိနေ ပြီး တံခါးဖွင့်မရသဖြင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မိုး ညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ်သူရိန် ဦးထံအကြောင်းကြားခဲ့သည်။
ထို့ကြောင့် ဒုရဲအုပ်သူရိန်ဦး နှင့်အဖွဲ့သည် အဆိုပါရေချိုးခန်း အိမ်သာသို့သွားရောက်၍မှန်တံခါးမှ တက်ကြည့်ခဲ့ရာ အထဲတွင်ထောင် လုံခြုံရေးတာဝန်လာရောက်ထမ်း ဆောင်သောဟိုပင်နယ်မြေရဲစခန်း မှ ဒုတပ်ကြပ်ဝင်းလွင်ဦးဖြစ်သည် ကိုတွေ့ရ၍ခေါ်ကြည့်ရာ မထူးခြား သဖြင့်ရေချိုးခန်းအိမ်သာတံခါး အားခြေဖြင့်ကန်ဖွင့်ခဲ့ပြီးစစ်ဆေးခဲ့ ရာ ဒုတပ်ကြပ်ဝင်းလွင်ဦးသည် အင်္ကျီမပါဖြင့် ရေကန်ပေါင်ပေါ် တွင်မူးယစ်နေသည့်အနေအထား တွေ့ကြရသည်။
ဒုရဲအုပ်သူရိန်ဦးနှင့်အဖွဲ့က ရေကန်ပေါင်ပေါ်တွင်တင်ထား သည့် ဒုတပ်ကြပ်ဝင်းလွင်ဦးကိုင် ဆောင်သည့် INNTURT တံဆိပ် ပါ အညိုရောင်ခါးပတ်အိတ်အား စစ်ဆေးခဲ့ရာ အတွင်း၌ လိမ္မော် ရောင်အဖုံးအပိတ်ပါ အဖြူရောင် ကော်ဘူးအတွင်းမှ ဘိန်းဖြူဟု ယူဆရသောဖြူ/ဝါမှုန့်အလေးချိန် ဝ ဒသမ ၂ဂရမ်ပါ နှစ်ဘူးနှင့် (3 mm)ဆေးထိုးပိုက်(အပ်တပ်လျက်) နှစ်ချောင်းအားတွေ့ရှိခဲ့သဖြင့် စစ် ဆေးမေးမြန်းပြီး ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေနှင့်အညီ အရေးယူ နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။