images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေကြောင်းနှင့်လေကြောင်းလူငယ်မောင်မယ်များဂုဏ်ပြုတွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား
WT Sunday, 19 May 2019
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ၌ ကျင်းပသည့် ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ အား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အမှာစကားပြောကြားရာ တွင် မိမိတို့ဘဝ တိုးတက်မှုကို ရှာဖွေရင်း တစ်ဖက်တစ်လမ်းမှ လည်း နိုင်ငံတော်အတွက် ကျေးဇူး ဆပ်နိုင်အောင် ကြိုးစားသွားကြရန် လိုကြောင်း၊ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူများ ဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ် ယောက်ပီသသည်ကို သက်သေပြကြရ မည်ဖြစ်ကြောင်း၊ ထိုသို့သက်သေပြကြရာ တွင် အပျက်သဘောမပါသည့် အပြု သဘောများကို ရင်ဝယ်ပိုက်ပြီး ဆောင် ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ ပျက်စီးပြိုကွဲရန် လှုံ့ဆော်သွေးထိုးသူများ ၏ အယုံသွင်းခြင်းမခံရစေရန်အတွက် အထူးဂရုပြု နေထိုင်သွားကြရမည်ဖြစ် ကြောင်း၊ သပ်လျှိုသွေးခွဲသူများက အမိ မြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့ အတွက် ခေတ်အဆက်ဆက်တွင် ကြိုးစား နေခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံအထဲက လူ ငယ်လူရွယ်များကို မဟုတ်မမှန်စကားလုံး များနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များ မှတစ်ဆင့် ဝါဒဖြန့်ဆောင်ရွက်နေသည်ကို တွေ့ရလျက်ရှိကြောင်း၊ ထို့ပြင် မူးယစ်ဆေး ဝါးကို လက်နက်တစ်ခုကဲ့သို့ အသုံးချပြီး လူငယ်လူရွယ်များကိုဖျက်ဆီးနေခြင်းဖြစ် သဖြင့် မောင်မယ်တို့အနေဖြင့် သတိတရား ကိုနှလုံးသွင်းပြီး အသိတရားရှိရှိ တွန်းလှန် ကြရန်လိုကြောင်းဖြင့် ရေကြောင်းနှင့် လေ ကြောင်း လူငယ်မောင်မယ်များအား ဂုဏ် ပြုတွေ့ဆုံပွဲအခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ် မောင်မယ်များကတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂါရဝပြုလက်ဆောင်ပစ္စည်း များ ပြန်လည်ပေးအပ်သည်။ ထို့နောက် ရေကြောင်းလူငယ်သင်တန်းမှ မမြတ်နန္ဒာ ထွေးနှင့်လေကြောင်း လူငယ်သင်တန်းမှ မနှင်းသဇင်တို့က ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူ လှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော်(ကြည်း၊ရေ၊လေ)အရာရှိကြီးများ နှင့်ဇနီးများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင် မယ်များနှင့် အုပ်ချုပ်သူ၊ နည်းပြများတက် ရောက်ကြသည်။