images
UN
UN
ရွှေပြည်သာတွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒထုတ်ဖော်
မြတ်ဟိန်းကျော်(ကော့မှူး) Sunday, 19 May 2019
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် လျှပ်စစ်မီးပုံမှန်ရရှိရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၅)ရပ်ကွက် ထန်းခြောက်ပင်လမ်းဆုံ၌ စုရပ်ပြုလုပ်၍ ဘုရင့်နောင် လမ်းမကြီးအတိုင်း အမှတ်(၆)ရပ်ကွက် သံလွင်လမ်းနှင့် မဲခေါင်လမ်း ထောင့်ထိ ပြည်သူများ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ဆန္ဒထုတ်ဖော်သူများသည် လျှပ်စစ်မီးပုံမှန်ရရှိရေး(ဒို့အရေး)၊ ပြည်သူ့အသံနားထောင်ပေးရေး(ဒို့အရေး) ၊ပညာရေးလိုအပ်ချက် များ ဖြည့်ဆည်းပေးရေး(ဒို့အရေး) ၊ကုန်ဈေးနှုန်းမြင့်တက်မှုရပ်တန့်ရေး(ဒို့အရေး) ၊အလုပ်အကိုင်အခွင့်အလမ်းများ အပြည့်အဝရရှိ ရေး(ဒို့အရေး) ၊တရားဥပဒေစိုးမိုးရေး(ဒို့အရေး)၊ ဥပဒေအရေးယူမှုမျှတရေး(ဒို့အရေး)၊ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရေး (ဒို့အရေး)၊ စီမံမှုအလွဲများပပျောက်ရေး(ဒို့အရေး) စသည့်စာသားများပါ ဗီနိုင်းများကိုင်ဆောင်လျက်ြေ<ွကးကြော်သံများဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကာ သံလွင်လမ်းနှင့်မဲခေါင်လမ်းထောင့်တွင် စုဝေးလျက် ဦးနိုင်သူလတ်(ခ)သာထက်ဆိုသူက လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့်ပတ်သက်၍ ဟောပြောကာ နံနက် ၁ဝ နာရီကျော်ခန့်တွင် ပြီးစီးခဲ့ကြကြောင်း သိရသည်။