images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့်ပုဒ်မ-၂၆၁ ပြင်ဆင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်
သုတ(မန္တလေး) Sunday, 19 May 2019
ကျောက်ပန်းတောင်းမြို့ပေါ်တွင် ယနေ့နံနက် ၈နာရီမှ ၁ဝ နာရီအထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ-၂၆၁ အား ပြင်ဆင်နိုင်ရေးအတွက် ပြည်သူများက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။အဆိုပါဆန္ဒဖော်ထုတ်မှုအား ငြိမ်းချမ်း စွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၄နှင့်အညီ သက်ဆိုင်ရာသို့တင်ပြ၍ ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းသိရှိရသည်။
ဆန္ဒဖော်ထုတ်သူများအနေဖြင့်''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၉(စ) မပြင် ဆင်ရေးနှင့် ပုဒ်မ-၂၆၁ကို ဥပဒေအတိုင်း ပြင်ဆင်ရန် အမြန်ဆုံးအတည်ပြုနိုင်ရေး လူထုထောက်ခံပွဲ''၊ ''ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၅၉(စ)သည် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရား ဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာကို ခံယူ စောင့်ရှောက်မှုရှိသောသူ၊ နိုင်ငံခြားအစိုးရ ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရဟု ပြဋ္ဌာန်း ထားသည်''။ ''မြန်မာနိုင်ငံ နောင်ရေး စိတ်အေးဖို့ ပုဒ်မ၅၉(စ)ကို ထောက်ခံစို့''၊ ''၁၃၅ မျိုးသော တိုင်းရင်းသားတို့အတွက် ပုဒ်မ-၂၆၁ အမြန်ဆုံးအတည်ပြုပေးပါ''။
''ဥပဒေအထက်မှာမည်သူမှမရှိပါ၊အခြေခံ ဥပဒေကိုလေးစားပါ''၊''ပုဒ်မ ၅၉(စ)ပြင် ချင်သူများ တို့နိုင်ငံမှ အမြန်ထွက်သွား''။''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉(စ)အား ထောက်ခံသည့်ဆန္ဒဖော်ထုတ် ပွဲ''၊ ''မြန်မာနိုင်ငံနောင်ရေး စိတ်အေးဖို့ ပုဒ်မ၅၉(စ)ကိုထောက်ခံစို့''၊ ''တိုင်းတစ် ပါးသားအုပ်ချုပ်မှုမခံရဖို့ ပုဒ်မ ၅၉(စ)ကို ကာကွယ်စို့''၊ ''ပုဒ်မ ၅၉(စ)သည် ၁၃၅ မျိုးသောတိုင်းရင်းသားပြည်သူများကို ဖိနှိပ် ချုပ်ချယ်ထားခြင်းမရှိပါ''စသည့်ဗီနိုင်းပို စတာများကိုကိုင်ဆောင်၍ စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ကြရာတွင် ကျောက်ပန်း တောင်းမြို့ မြို့ရှေ့ ပန်းသီတာဥယျာဉ် ရှေ့၌ စတင်စုဝေးထွက်ခွာပြီး မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းအတိုင်း ဘူတာ လမ်းဆုံအထိ၊ ဘူတာလမ်းဆုံမှ ရန်ကုန်-ပြည်-မန္တလေးလမ်းအတိုင်း မြင်းခြံဂိတ် အထိ၊ မြင်းခြံဂိတ်မှ ဈေးကွက်သစ်ရပ် ကွက် ဗူစငညန သောက်ရေသန့်ဖြန့်ဖြူးရေး ဆိုင်အနီးထိ သုံးယောက်တွဲကာ ငြိမ်းချမ်း စွာစီတန်းလှည့်လည်၍ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)စုပေါင်းကာ ကွယ်ရေး(ဒို့အရေး)၊ ၅၉(စ)ဖျက်မည့်သူ (ဒို့ရန်သူ)၊ လူမျိုးခြားသမ္မတဖြစ်ဖို့အကြံ (ဒို့လက်မခံ)၊ ပုဒ်မ-၂၆၁ကို ဥပဒေ အတိုင်းပြင်ဆင်ရန် အမြန်ဆုံးအတည်ပြုနိုင် ရေး(ဒို့အရေး) စသည့်ကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး ဈေးကွက်သစ် ရပ်ကွက် ဗူစငညန သောက်ရေသန့်ဖြန့်ဖြူး ရေးဆိုင်အနီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၂၆၁နှင့်ပတ်သက် သော ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အမျိုးသားရေး ဆရာ တော် ဦးဝီရသူထံမှ ပေးပို့သည့် သဝဏ် လွှာအား ဦးဇေယျာအောင်က ဖတ်ကြား ပြီးနောက်စာရေးဆရာစိမ့်ညှက်(ခ)ဦးအောင် ဌေး၊ ဒေသခံများဖြစ်သော ဦးသန့်ဇော် လတ်နှင့် ဦးအောင်ကျော်ညွန့်(ခ)သီဟ ကျော်စွာတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၂၆၁နှင့် ပတ်သက် သည့် အကြောင်းအရာများကို ဟောပြော ခဲ့ကြသည်။
ထို့နောက် ဆန္ဒဖော်ထုတ်သူများသည် စတင်ချီတက်ရာ လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာ၍ ဆန္ဒဖော်ထုတ်မှုအား ရပ်နားခဲ့ကြသည်။