images
UN
UN
ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၏ဇနီး မကျန်းမာ၍ ထောက်ပံ့ငွေများပေးအပ်
အောင်မျိုးထွန်း(ကနီလူငယ်) Sunday, 19 May 2019
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှကနီမြို့နယ်ကနဲကျေးရွာသို့ သွားရောက်ပြီး ကျန်းမာရေး အတွက် ဆေးရုံသို့ ဆေးကုသမှုခံယူရန်သွားရောက်မည့် ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ဦးအောင်တိုးဆွေ၏ဇနီးအား သွားရောက်၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ကနီမြို့နယ်ပါတီ နာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူးဒေါ်မာမာဦး၊ ကော်မတီဝင်များနှင့် ဦးစီးရုံးအဖွဲ့ များလိုက်ပါ၍ တွေ့ဆုံအားပေး စကားများပြောခဲ့ကြောင်း သိရသည်။