images
UN
UN
ထိုင်းနိုင်ငံတွင် ကြံလုပ်သားကို သတ်သွားသည့် မြန်မာလေးဦးကို ဖမ်းဆီးရမိ
သူရကို Sunday, 19 May 2019
ထိုင်းနိုင်ငံတွင် ကြံခင်းလုပ် သားတစ်ဦးကို သတ်သွားသည့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဦး ကို လူသတ်မှုဖြစ်ပြီး ငါးရက် အကြာဖမ်းဆီးရမိထားပြီး အသတ် ခံရသူက အဆိုပါ လေးဦးအနက် တစ်ဦး၏ဇနီးဖြစ်သူနှင့် အိပ်ချင် သည်ဟုပြောသဖြင့် သတ်ပစ်ခဲ့ ခြင်းဖြစ်ကြောင်း ထွက်ဆိုထား သည်ဟု သိရသည်။
ခလွန်ခန်ရှိ ကြံခင်းအတွင်း ပုန်းအောင်းနေသူ သုံးဦးကို ထိုင်း ရဲနှင့် လဝကပူးပေါင်းပါဝင်သည့် အဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီးနောက် ကျန် တစ်ဦးကိုလည်း ဆက်လက်ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိကျစ်ခရိုင်ရှိ ကြံခင်းအတွင်း ကြံခင်းလုပ်သား မြန်မာလုပ်သား တစ်ဦး ယခုလ ၁ဝ ရက်နေ့ ညနေ ၅ နာရီခန့်က အသတ်ခံရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အသတ်ခံရသူနှင့် လူသတ်မှု ကျူးလွန်သူလေးဦးတို့သည် အခင်း ဖြစ်ရာ ညနေက ကြံခင်းအနီး အလုပ်သမားနားနေရန်နေရာတွင် အရက်အတူ သောက်နေကြစဉ် အသတ်ခံရသူက ၄င်းတို့အဖွဲ့မှ တစ်ဦး၏ဇနီးနှင့် အိပ်ချင်သည်ဟု ပြောသဖြင့် ဒေါသဖြစ်ကာ ဝိုင်း ရိုက်ပြီး ကတ်ကြေးဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထား ကြောင်း သိရသည်။
ထို့နောက် အလောင်းအား လမ်းဘေးသစ်ပင်အောက်တွင် ပစ် ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူ လေးဦး ကို ယခုလ ၁၇ ရက်နေ့က ဖိကျစ် ခရိုင်သို့လွှဲပြောင်းပေးထားကြောင်း သိရသည်။