images
UN
UN
ဖျာပုံခရိုင် အမျိုးသမီးရေးရာဆွေးနွေးပွဲနှင့် စကားဝိုင်းကျင်းပ
အောင်ဝင်းနိုင်(ဖျာပုံ) Sunday, 19 May 2019
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်း ကျောင်း ဇဗ္ဗူတလူခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီး ရေးရာတွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ဒေါက်တာ ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောခဲ့ပြီးနောက်ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ အမျိုးသမီး ရေးရာအဖွဲ့များက အစုအဖွဲ့ သုံးဖွဲ့ မှ ''အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်ခြင်းဖြင့်အမျိုး သမီးများရဲ့ကဏ္ဍ၊ နိုင်ငံရေး၊စီးပွား ရေး၊ လူမှုရေးအခြေအနေများ အပေါ် အမျိုးသမီးများရဲ့ အမြင်၊ ပါတီအောင်နိုင်ရေးတွင် အမျိုး သမီးထုပါဝင်ရေး''တို့ကို အပြန် အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ဗဟိုအမျိုး သမီးရေးရာတာဝန်ခံ ဒေါက်တာ စန်းစန်းနွယ်၊ တိုင်းဒေသကြီးအမျိုး သမီးရေးရာတာဝန်ခံဒေါ်နွယ်နွယ်ဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဒေါ်ခင်စောမူ၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လေးမြို့နယ်မှ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များ ၁၆ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။