images
UN
UN
ထန်းတပင်မြို့နယ်၌ တတိယအကြိမ်မြောက်မြသိန်းတန် ကျွဲကောဓမ္မစကူးလ်သင်တန်းဆင်းအောင်ပွဲအခမ်းအနားကျင်းပ
Monday, 20 May 2019
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်း တပင်မြို့နယ်၌ ကျေးရွာလုံးဆိုင်ရာ တတိယအကြိမ် မြသိန်းတန် ကျွဲ ကော ဓမ္မစကူးလ်သင်တန်းဆင်း အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျွဲကောကျေးရွာ စိန်ရတနာဘုန်းတော်ကြီးကျောင်း တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ် သံဃာ့ နာယကအဖွဲ့ ဒုဥက္ကဋ္ဌ အတွင်းရေ ကျော်ကျေးရွာ နိမ္မိတာရုံကျောင်း တိုက်ဦးစီးပဓာနနာယက သာသနာ ပြုနယ်လှည့်ဓမ္မကထိကဆရာတော် ဘဒ္ဒန္တစိန္တိတထံမှငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာဆုံးမသြဝါ ဒစကားများကိုနာယူခဲ့ကြသည်။
ယင်းနောက်မြို့နယ်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌမြသိန်းတန်ဘုရား ကြီးကျောင်းတိုက် ဦးစီးပဓာနနာ ယကဆရာတော် ဘဒ္ဒန္တသုမန၊ ကျွဲကောကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တဇနိန္ဒသာ ရ၊သံဃာတော်အရှင်သူမြတ်များနှင့် တာဝန်ရှိသူများက သင်တန်း၌ မူလတန်း၊ အလယ်တန်းတို့အား ထူးချွန်ဆုရကလေးငယ် ၂၄ ဦးတို့ ကိုထူးချွန်ဆုများနှင့် အပတ်စဉ် အာဟာရဒါနကျွေးမွေးလှူဒါန်းပေး ခဲ့ကြသည့် စေတနာအလှူရှင်များ ကိုလည်းဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် စေတနာရှင် အလှူ ရှင်များ၊ ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများကအာဟာရဒါန လှူဒါန်းမှုတို့အတွက် မြို့နယ် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌမြသိန်း တန်ဘုရားကြီးကျောင်းတိုက်ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သုမနထံမှ အနုမောဒနာတရားနာ ကြားကြကာ ကောင်းမှုကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါသင်တန်းကို ယခုလ ၄ ရက်မှ ၁၈ရက်အထိ ၁၅ ရက် ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး မူလတန်းအဆင့်နှင့်အလယ် တန်းအဆင့် ကျောင်းသားကျောင်း သူ ၁၉၆ ဦးတို့တက်ရောက်ခဲ့ကြ သည်။ သင်တန်းဆင်းအောင်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်း သား ကျောင်းသူကလေးငယ်များ အား အဖြူရောင်ပရဟိတအဖွဲ့မှ စာ အုပ်နှင့်ဘောလ်ပင်များကိုလှူဒါန်း ပေးခဲ့ကြသည်။