images
UN
UN
စပါးပေါ်ချိန်မှာတောင် ကျွန်တော်တို့ စပါးတွေကိုဝယ်ဖို့ အခြေအနေမရှိဘူး ဖြစ်နေတယ် အစိုးရအနေနဲ့က အခုလို ဆန်စပါးဈေးကွက်နဲ့ပတ်သက်ပြီး အများကြီးတာဝန်ရှိတယ်
ထက်မြက်အောင် Tuesday, 21 May 2019

ဦးညွန့်(မင်္ဂလွန်းကျေးရွာ)
===================
မေး။ ဒီနေ့ လယ်သမားတွေတွေ့ဆုံပွဲကို တက်ရောက်တဲ့ ရည်ရွယ်ချက်ကို
ပြောပေးပါ။
ဖြေ။ ကျွန်တော် လယ်လုပ်တာ နှစ် ၇ဝ ကျော်ပြီ။ လူမှန်းသိစကတည်းက
လယ်လုပ်လာတာ။ လယ်သမားနဲ့ပတ် သက်လာလို့ပေါ့ဗျာ။ ဒီမှာ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေးဆိုတာ ဒီထဲမှာပါ လာတယ်ဗျာ့။ ပါလာတယ်ဆိုတော့ ဒါလေးတွေက ဘယ်လိုဆွေးနွေးကြမ လဲ။ ဒါလေးတွေ စိတ်ဝင်စားလို့ပေါ့ဗျာ။
မေး။ လက်ရှိ စပါးစိုက်ရတဲ့ အခြေအနေ ပြောပါဦး။
ဖြေ။ အခုအချိန်မှာကတော့ ကျွန်တော်တို့ တောင်သူက အခြောက်ကြဲထား
တာတော့ ထွက်နေကြပြီပေါ့။ ရိုးရိုး ထွန် ကြဲမယ်ဆိုရင်တော့ စပါး မထွက်သေး ဘူး။ အဲဒီအပေါ်မှာ ထွက်လာတဲ့အပေါ် မှာကတော့ ဈေးနှုန်းလေးတွေထိုက်ထိုက် တန်တန်လေးတွေ ဖြစ်စေချင်တယ်။ တောင်သူလယ်သမားတွေရဲ့ ကုန်ကျ စရိတ်တွေကလည်းအများကြီးများတယ်။
မေး။ စပါးစိုက်ဈေးကွက် အခြေအနေ ကရောဘယ်လိုရှိလဲ။ လယ်သမား
တွေရဲ့အခက်အခဲကအခုဘာတွေဖြစ်နေလဲ။
ဖြေ။ တောင်သူလယ်သမားတွေမှာ ငွေ ရေးကြေးရေးအခက်အခဲရှိတယ်။
လယ်သမားတွေမှာ ကုန်ကျစရိတ်တွေက များတယ်။ အမြတ်က မရှိဘူး။ အဲလို အခက်အခဲလေးတွေရှိတာကြောင့်အကယ် ၍များ နိုင်ငံတော်အနေနဲ့များ တောင်သူ လယ်သမားတွေအပေါ်မှာညှာညှာတာတာ နဲ့ ကိုယ့်သားသမီးသဖွယ်လို ထိုက်သင့် တာလေးတိုးမြှင့်ပေးရင်တော့ လယ် သမားတွေအတွက် အရင်းရှင်ဆီက ယူ ငင် သုံးစွဲနေရတာလေးတွေ လွတ်သင့် သလောက် လွတ်သွားမယ်။ အကုန်လွတ် သွားမယ်လို့တော့ ပြောလို့မရဘူး။
မေး။ ယခင်အစိုးရလက်ထက်နဲ့ လက်ရှိ အစိုးရ လက်ထက်မှာ တောင်သူ
လယ်သမားတွေရဲ့ ဘဝအခြေအနေက ဘာတွေ ကွာခြားမှုရှိလဲ။
ဖြေ။ အခုအနေအထားနဲ့ ကျွန်တော်တို့ ဟိုအရင်ကနဲ့တော့ ကွာခြားမှုတွေ
ရှိသွားတာပေါ့။ သမ္မတကြီး ဦးသိန်းစိန် တက်လာပြီးတဲ့နောက်ပိုင်း လယ်သမား တွေ ဖွံ့ဖြိုးတိုးတက်မှုကတော့ အလေး သာလာတာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆို တော့ ဘဏ်ငွေကအစ တိုးချဲ့ပေးတယ်။ လယ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကျေးရွာတွေအရောက် လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီး ဒါမျိုးတွေ ရှိခဲ့ တယ်။ ကျန်းမာရေး၊ လူမှုရေးဆိုတာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် လည်း အဆင်ပြေတယ်။ ဒီသဘောလေး တွေ ရှိတယ်။
မေး။ လက်ရှိအစိုးရကို တောင်သူလယ် သမားတစ်ဦးအနေနဲ့ ဘာတွေ
တောင်းဆိုချင်လဲ။
ဖြေ။ အခုအစိုးရကို တောင်းဆိုချင်တာ က ကျွန်တော်တို့က အသက်ကြီး
ပြီ။ ပုံစံ (၇) နဲ့ ဘဏ်သွားထုတ်ရတဲ့ကိစ္စ ကျွန်တော်တို့ သွားဖို့အဆင်မပြေဘူး။ အဲဒါတွေက ကိုယ်တိုင်လာရမယ်ဆိုတော့ ကျွန်တော်တို့က မသွားမလာနိုင်တဲ့အခါ တွေရှိတယ်။ဒါလေးတွေကို နိုင်ငံတော်က လုပ်ပေးသင့်တယ်လို့ထင်တယ်။ ဒီထက် ဆိုးတာက ဘုန်းကြီးဝတ်ထားတဲ့အခါ သာသနာ့ဘောင်ကို ရောက်ပြီးတော့ ဒီလူ ကြားထဲမှာ လက်မှတ်လျှောက်ထိုးနေရ တာ အဲဒီအခွင့်အရေးလေးကတော့ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်တဲ့အတွက် ဒီကိစ္စလေး ကတော့ လျှော့လျှော့ပေါ့ပေါ့၊ဒါလေးတွေ လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော် ရဟန်းဝတ်တယ်။ ယနေ့ ပုံစံ (၇) မှာ ကိုယ်တိုင်လက်မှတ်ထိုးပြီး ယူရ မယ်ဆိုတော့ လူကြားထဲမှာ ကျွန်တော် သွားထိုးပေးရတယ်။ အဲဒါလေးတွေက တော့ပြန်ကြည့်မယ်ဆိုရင် ဒီဟာလေးတွေ က ကိုယ်စားလှယ်သော်လည်းကောင်း လယ်ယာမြေနဲ့ ပတ်သက်လို့ ပုံစံ(၇)မှာ သံဃာတော်တွေ လိုက်ထုတ်ပေးရတာ အဆင်မပြေတဲ့အတွက် ဒါလေးကို ကိုယ် စားလှယ်လေးတော့ ထုတ်ခွင့်ပေးပါလို့ တော့ ကျွန်တော် ပြောချင်တယ်။ ကျွန် တော်တို့ အသက်ကြီးတဲ့သူတွေ သား သမီးသွားလို့လည်း ဒါလေးက ခွင့်ပြုပေး သင့်တယ်။ ကျွန်တော်တို့လို တောင်သူ လယ်သမားတွေရဲ့ အပိုင်းတွေကို ညှာ ညှာတာတာလေးတော့ ထိန်းထိန်းသိမ်း သိမ်းလေးတော့ လျှော့ပေါ့ဖြည့်ဆည်းပြီး တော့ လုပ်ပေးသင့်တယ်လို့ ကျွန်တော် မြင်တယ်။

ဦးမောင်မြင့်(မင်္ဂလွန်းကျေးရွာ)
မေး။ လက်ရှိ တောင်သူလယ်သမားရဲ့ စပါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ရောင်းချ
မှုအခြေအနေဘယ်လိုရှိပါလဲ။
ဖြေ။ ကျွန်တော် လယ်ယာကို မိဘဘိုး ဘွားတွေ လက်ထက်ကတည်းက လုပ်ခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက်လုပ် ခဲ့တာပါ။ အခုလိုပွဲမှာ လယ်သမားတွေ လိုအပ်ချက်တွေ အကြံÓဏ်တွေ အများ ကြီးရတဲ့အတွက် အရမ်းကောင်းပါတယ်။ လယ်သမားတွေရဲ့ အခက်အခဲတွေက တော့ အများကြီးပါ။ ကျွန်တော်တို့ ဘဏ် ငွေကိစ္စတွေ၊ ပုံစံ (၇) ကိစ္စတွေ၊ ပုံစံ(၇) တွေ သိမ်းတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်က ပုံစံ(၇)တွေကို မသိမ်းဘူး လေ။ အခုသိမ်းတယ်။ လယ်တစ်ဧကကို တစ်သိန်းခွဲနဲ့သိမ်းထားတယ်။ ကျွန်တော် တို့ လယ်သမားတွေ တကယ်လို့ ငွေလို အပ်လို့ရှိရင် ကျွန်တော်တို့ ဒီဟာကို ခဏ ယာယီပေါင်နှံတာတွေလုပ်လို့မရဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့မှာ အခက်အခဲ တွေရှိတယ်။
မေး။ လက်ရှိ အစိုးရ လက်ထက်မှာ လယ်ယာစိုက်ပျိုးမှုနဲ့ ပတ်သက်လို့
ဘာတွေပြောင်းလဲမှုရှိလဲ။
ဖြေ။ အရင်ကနဲ့ အခု အများကြီးကွာ တာပေါ့ဗျာ။ အများကြီးကိုကွာပါ
တယ်။ ကျွန်တော်တို့ အရင်ကတော့ အဆင်ပြေတာပေါ့ဗျာ။ ဘာဖြစ်ဖြစ်လုပ်ရ ကိုင်ရတာ အဆင်ပြေတယ်။ အခုက အရမ်းကျပ်တည်းတယ်။
မေး။ လယ်ယာစိုက်ပျိုးမှုနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဆီကဘာတွေ
တောင်းဆိုချင်လဲ။
ဖြေ။ ဒီအစိုးရကို ပြောချင်တယ်။ ပုံစံ (၇)ကိစ္စတွေ၊ နောက်ပြီးတော့ ဆန်
စပါးဈေး ဈေးကွက်က လာမယ့် စပါး ပေါ်ချိန်မှာတောင် ကျွန်တော်တို့ စပါးတွေ ဝယ်ဖို့ အခြေအနေမရှိဘူး ဖြစ်နေတယ်။ ဈေးကွက်တွေက ပျောက်နေပြီ။ အစိုးရ အနေနဲ့က အခုလို ဆန်စပါးဈေးကွက်နဲ့ ပတ်သက်ပြီး အများကြီးတာဝန်ရှိတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ အတွက် နိုင်ငံတကာနဲ့ ဈေးကွက်ပွင့် အောင် လုပ်ပေးရမှာ အစိုးရရဲ့တာဝန်ပါ။ သူ့တာဝန်ရှိတယ်လေ။ ဒါမှ ကျွန်တော်တို့ ဈေးကောင်းရမှာကိုး။
မေး။ အခု တောင်သူတွေရဲ့ အခက်အခဲ က ဘာတွေလဲ။
ဖြေ။ အခု လောလောဆယ်ကတော့ ကျွန်တော်တို့ ဘာဖြစ်လဲဆိုတော့
ကျွန်တော်တို့မှာ စိုက်ပျိုးရေးစရိတ် ချေး ငွေပေါ့။ အင်အားနည်းတယ်။ နောက် ကျွန်တော်တို့ မြေသြဇာတွေက မတရား ကြီး ဈေးတွေ တက်တယ်။ အဲဒီတော့ ကျွန်တော်တို့မှာ အရင်တုန်းကပေါ့ လယ် တစ်ဧကကို နှစ်အိတ်လောက် ကျွေးနိုင် တယ်။ အခု မကျွေးနိုင်တော့ဘူး။ တစ် အိတ်လောက်ပဲကျွေးနိုင်တယ်။ အဲဒီတော့ လယ်က သိသိသာသာကို အထွက်နည်း တယ်လေ။ ဈေးက အရမ်းကွာတာပေါ့။ မြေဆီကို အရင်တုန်းက ဦးသိန်းစိန် လက် ထက်တုန်းက မြေဆီနှစ်အိတ် သုံးအိတ် ကျွေးနိုင်တဲ့သူက အခုတစ်အိတ်ပဲကျွေးနိုင် တော့တယ်လေ။ အဲဒီလို ဖြစ်သွားတယ်။ ကျွန်တော် အဓိကပြောချင်တာကတော့ လယ်သမားတွေရဲ့ဆန်စပါးဈေးကွက်ပေါ့။ အဲဒါလေးကို အဆင်ပြေအောင်လုပ်ပေး စေချင်တယ်။ ကျေးဇူးတင်ပါတယ်။