images
UN
UN
Huawei ထုတ်ကုန်များအားလုံး Security Update အပါအဝင်အခြား Update နှင့် Service များအားလုံးကို ယခင်အတိုင်းဆက်လက်ရရှိသွားမည်
အေးချမ်းပိုပို Tuesday, 21 May 2019

Huawei ထုတ်ကုန်များအားလုံးသညှ်Security Update အပါအဝင် အခြား Update နှင့် Service များအားလုံးကို ယခင် အတိုင်း ဆက်လက်ရရှိသွားမည်ဖြစ်သလို အသုံးပြုသူများအားလုံး အတွက် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံများပေးစွမ်းနိုင်ရန် လုံခြုံ စိတ်ချပြီး ခိုင်မာသည့်စနစ်ကို ဆက်လက်တည်ဆောက်သွားမည် ဖြစ်ကြောင်း Huawei ၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရ သည်။
Huawei မှ တစ်ကမ္ဘာလုံးတွင် Android တိုးတက်လာရေး နှင့် ကြီးထွားတိုးတက်လာမှုတို့အတွက် ဆောင်ရွက်ခဲ့ပြီး Android ၏ အရေးပါသည့် ပါတနာတစ်ဦးဖြစ်သည့်အလျောက် ၄င်းတို့၏ open-source platform နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသုံးပြုသူများအတွက်သာမက နယ်ပယ်တစ်ခုလုံး အကျိုးရှိစေမည့် Android စနစ်တစ်ခု တည်ဆောက်ရေးအတွက် တစ်ထောင့်တစ်နေ ရာမှပါဝင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် Huawei အနေဖြင့် ရောင်းချ ခဲ့ပြီးသော Huawei ထုတ်ကုန်များ၊ ဈေးကွက်ထဲ Stockရှိနေသော Huawei ထုတ်ကုန်များအားလုံးသည်Security Update အပါအဝင် အခြား Update နှင့် Service များအားလုံးကို ယခင်အတိုင်း ဆက်လက်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။