images
UN
UN
တပ်မတော်သည် အမျိုးသားရေးကို အစဉ်ဦးထိပ်ထားဆောင်ရွက်
ခြိမ့်နိုင် Tuesday, 21 May 2019

မအူပင်မြို့နယ် ဘိုးဘွားရိပ်သာမှာ အသက် ၁ဝဝရှိသော အဘွား ဒေါ်အေး ကြည်အား မှတ်တမ်းပြုရန် လေးစား ဂုဏ်ယူပီတိအသိဖြင့် ကုသိုလ်ယူရန် မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌ (ဂီတဗဟို သက်ကြီးကန်တော့ခံ)ဆရာကြီး တယော ဦးပိုက်နှင့်အတူ ဘိုးဘွားရိပ်သာသို့ရောက် ခဲ့ပါသည်။ ဘိုးဘွားရိပ်သာကြီးကို ကိုယ် ပိုင်မြေကိုပါလှူဒါန်းပြီး ဦးစီးဆောက် လုပ်ခဲ့သူ ဘိုးဘွားစောင့်ရှောက်ရေး ကော် မတီဥက္ကဋ္ဌကြီးဦးစိုးဝင်းနှင့်တကွ အနီး ကပ်စောင့်ရှောက်ရေးတာဝန်ရှိဝန်ထမ်း များနှင့် ရွှင်လန်းကျန်းမာလျက်ရှိသော အဘွားဒေါ်အေးကြည်ကိုပါတွေ့ဆုံခွင့်ရခဲ့ ပါသည်။ မအူပင်ဘိုးဘွားရိပ်သာကြီးကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာလမှစ၍ အဘိုး အဘွားများကို စတင်လက်ခံပြုစုစောင့် ရှောက်ခဲ့ပါကြောင်း ယခုလက်ရှိ အဘိုး ၁၃ ဦးနှင့် အဘွား ၃၅ ဦးရှိပါကြောင်း၊ လူမှုဝန်ထမ်းအဖွဲ့(အစိုးရ)မှအသက် ၉ဝ အထက် အဘိုး နှစ်ဦး၊ အဘွား လေးဦး ရှိပါကြောင်း။ယခု အသက် ၁ဝဝတန်းဝင် အဘွားဒေါ်အေးကြည်သည် မအူပင်ခရိုင် ရေလဲ ကျေးရွာအုပ်စု သူဌေးကုန်းကျေး ရွာ ဇာတိဖြစ်ပါကြောင်း၊ မအူပင်ဘိုးဘွား ရိပ်သာသို့ ညီမဖြစ်သူဒေါ်လှရင်(၉၄နှစ်) နှင့်အတူ ရောက်ရှိလာသူဖြစ်ပါသည်။
ညီမဖြစ်သူမှာ မကြာခင်ကပင် ကွယ် လွန်သွားပြီဖြစ်ပါသည်။ ဘိုးဘွားများ ယခုလိုသက်ရှည်ကျန်းမာရခြင်းမှာ အဘိုး အဘွားတို့၏ သီလသမ္မာဓိအကျင့် သီလ ကောင်းခြင်း၊ ရိပ်သာမှလည်း စနစ်တကျ စေတနာမေတ္တာဖြင့် ကောင်းမွန်စွာ ပြုစု ကျွေးမွေးခြင်း၊ ကျန်းမာရေးကိုလည်း အစဉ်မပြတ်ပြုစုမှုကောင်းခြင်းတို့ကြောင့် ဖြစ်ပါသည်။
ယခုပင် အသက်၁ဝဝပြည့်အတန်း ပင်ရှိလာနေပြီ။ နောက်အသက်ရာကျော် တွေပေါ်လာပေဦးမည် ။ယခုလို အဘိုး အဘွားများဘဝနောင်ရေး သောကနှင့် ကြောင့်ကြဗျာပါစိတ်ကင်းစွာ မိမိတို့ နောက်ဆုံးအပြန်ခရီးလမ်းကို ဒါနသီလ ဘာဝနာတရားများစောင့်ထိန်းကျင့်ပွား ရင်း ဘဝကူးကောင်းအောင် ရည်မှန်း ကာ လူမှုသောကကင်းဝေးရေး အကျိုး ပြုလုပ်ငန်းအဖြစ် ဆောင်ရွက်သူမှာ ဘယ်သူပါလဲဟု စာရေးသူစေ့ငု ဆင်ခြင် လိုက်သောအခါ အထက်ပါဆောင်းပါး ခေါင်းစဉ်ဖြစ်သော 'တပ်မတော်သည် အမျိုးသားရေးကို အစဉ်ဦးထိပ်ထား' ကြောင်းကိုဆက်စပ်တင်ပြလိုပါသည်။ လွန်ခဲ့သောလက မြို့နယ်စစ်ပြန် စစ်မှု ထမ်းအဖွဲ့မှ တပ်မတော်နေ့အထိမ်း အမှတ်မိတ်ဆုံစားပွဲကျင်းပရာ စာရေး ဆရာအသင်းမှတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် စစ်ပြန်စစ်မှုထမ်း ဟောင်းအဖွဲ့နာယက ဗိုလ်မှူးကြီးစိုးဝင်း (ငြိမ်း) DSA စစ်တက္ကသိုလ် အပတ်စဉ် (၁)က နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် တချို့သော အမြင်မွဲအတွေးလွဲ သူတစ်ချို့က တပ်မတော်အပေါ် သဘော ထားမကြည်လင်အပြစ်မြင်စကားပြော ကြတယ်။ ကျွန်တော်တို့ကို စစ်ခွေး တဲ့။ နှိမ့်ချပြီး ဝစီအရိုင်းနဲ့ ပြောကြတယ်။
သူတို့က စစ်ခွေးရဲ့တန်ဖိုးအဆင့် သိက္ခာကို မသိကြလို့မမြင်ကြလို့ ပြော တာပါ။ ကျွန်တော်ကတော့ တပ်မတော် သားဆိုတော့ စစ်ခွေးဘဝတန်ဖိုး စစ်ခွေး စွမ်းရည်စစ်ခွေးတာဝန်သိတယ်ဗျ။
တချို့ ပြောပြောနေတဲ့လူတွေ တိုင်းပြည်အတွက် တူတူတန်တန် စစ်ခွေးလောက်တောင် တာဝန်ကျေရဲ့လား မေးကြည့်ချင်တယ်။ စစ်ခွေးဆိုတာ ကလေကဝလမ်းဘေးနေတဲ့ ခွေးမဟုတ်ဘူး။ စနစ်တကျသင်တန်း ပေးထားတာ ကိုယ်ပိုင်နံပါတ်ရှိတယ်။ ရာထူးအဆင့်ရှိတယ်။ လစာခံစားခွင့်ရှိ တယ်။ အမိန့်နာခံတယ်။ ပေးအပ်တဲ့ တာဝန်ကျေပွန်အောင်ထမ်းဆောင်တယ်။ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားဆောင် ရွက်တယ်။ နောက်ဆုံးတိုက်ပွဲမှာ ကျဆုံး ရင်တောင် စစ်အခမ်းအနားနဲ့ ဆောင် ရွက်ပေးရတာ တန်ဖိုးရှိတဲ့ခွေးဗျ။ ပြော သူများက ထိုခွေးလောက် တန်ဖိုးရှိရဲ့လား သုံးသပ်ကြရန်လိုပါသည်။
ကျွန်တော်တို့ တပ်မတော်ဆိုတာ ပြည်သူကမွေးဖွားလာတာ၊ မိုးပေါ်ကကျ လာတာမဟုတ်ဘူး။ ဒါကြောင့် ပြည်သူ့ အကျိုးကို အမြဲဦးထိပ်ပန်ရမယ်။ တိုင်း ပြည်နဲ့ လူမျိုးအပေါ် ဘယ်တော့မှ သစ္စာ မဖောက်သလို တိုင်းပြည်နဲ့လူမျိုးအတွက် ဆို ဘယ်အချိန် ဘယ်ကာလရောက် ရောက် အခွင့်သင့်လို့အခြေအနေပေးရင် ကိုယ်တတ်နိုင်ရာတာဝန်ထမ်းဖို့ အသင့် ပဲ။ ကျွန်တော်တို့ရဲ့အမျိုးသားရေးတာဝန် ထဲမှာ ပြည်သူကို အကျိုးပြုလုပ်ငန်းနဲ့ ကူညီစောင့်ရှောက်ဖို့ပဲ။ ကျွန်တော်တို့က ပါတီနိုင်ငံရေးကင်းကင်းနဲ့ဘာမှမျှော်လင့် ချက်မထားဘဲ ပြည်သူနဲ့အတူရပ်တည် နေတာပါ။ ပြည်သူနဲ့အတူဆိုတဲ့စကားကို ဂုဏ်ဖော်မပြောဘူး။လက်တွေ့ပဲ ပြည်သူ ထဲနေပြီး ပြည်သူ့အခက်အခဲကိုကြည့်ပြီး ကူညီစောင့်ရှောက်နေတာပါ
တပ်ထဲမှာတုန်းကလည်း တိုင်းပြည် အတွက် သက်စွန့်ဆံဖျားဆောင်ရွက် ခဲ့ပြီးပြီ။ အခုအငြိမ်းစားဘဝစစ်မှုထမ်း ဟောင်းဘဝရောက်နေသော်လည်း တပ် မတော်ရဲ့အင်အားတွေအဖြစ် ရပ်တည်ဆဲ ပဲ။ တိုင်းပြည်နဲ့လူမျိုးအတွက် လိုအပ် မယ်ဆိုရင် တပ်မတော်နဲ့အတူ လက်တွဲ တာဝန်ထမ်းဖို့အသင့်ပဲ။ အခု လူမှုဘဝထဲ ရောက်သော်လည်း တပ်မတော်ရဲ့ အစဉ် အလာအရ ပြည်သူလူထုကို အမြဲအကျိုး ပြုဆောင်ရွက်နေဦးမှာဖြစ်ကြောင်း၊ မလို မုန်းထားစိတ်နှင့်စစ်ခွေးခေါ်ကြခေါ်ပါစေ။ နားမလည်သူ မသိတတ်သူတွေကို အပြစ် မယူပါဘူး။ ခွင့်လွှတ်တယ်။ ကိုယ့်ရဲ့ ခံယူချက်စိတ်စေတနာမှန်မှန်နဲ့ပြည်သူ အကျိုးဆောင်ရွက်နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ကျွန်တော်ပြန်လည် ကြားယောင်မိလာသည်။
နိဂုံး ချုပ်ပါမည်
ယနေ့ ကျွန်တော်တို့အသက်၁ဝဝ တန်းဝင်မှတ်တမ်းပြုခဲ့သည့် အဘွားဒေါ် အေးကြည်အပါဝင် အဘိုးအဘွား ၄၈ ဦးတို့ အေးချမ်းသာယာ အပူအပင်ကင်း စွာ စောင့်ရှောက်မှုခံယူနေရသည့် ဂေဟာ မအူပင်ဘိုးဘွားရိပ်သာကို ထူထောင်သူ မှာ စောစောကစစ်ခွေးလို့ ပြောတာကို ပင် နားလည်ခွင့်လွှတ်ပေးပြီး၊အမျိုးသား ရေးအမြင်ဖြင့် သက်ကြီးရွယ်အိုဘဝမှာ ကူညီသူမဲ့စောင့်ရှောက်သူမဲ့ အဘိုးအဘွား များကို အပူအပင်မဲ့စွာ တရားဘာဝနာ ပွားများပြီး လက်ကျန် သက်တမ်းဘဝကို ငြိမ်းချမ်းစွာကျော်ဖြတ်သန်းဖို့ ကူညီပေးဖို့ စေတနာတူအမြင်တူ ကုသိုလ်ရှင်များဖြင့် ထူထောင်ခဲ့သူမှာ အထက်မှာတင်ပြခဲ့ သည့်စစ်မှုထမ်းဟောင်းအဖွဲ့ နာယက ကြီးပင်ဖြစ်ပါသည်။
စစ်ပြန်ကြီး၏ ကိုယ်ပိုင်မြေနှင့် အခြားစေတနာရှင်များပေါင်းစုကုသိုလ် ဖြင့် ဘိုးဘွားရိပ်သာကို ထူထောင်ပြီး ကိုယ်တိုင်အကျိုးပြုဆောင်ရွက်နေခြင်း သည် တပ်မတော်သားတိုင်းသည် တပ် မတော်၏ ခံယူရပ်တည်ချက်ဖြစ်သော အမျိုးသားရေးကို အစဉ်ဦးထိပ်ထားရာ တွင် အငြိမ်းစားဘဝရောက်သည့်တိုင် အောင် မပျက်မကွက်ဆောက်ရွက်နေပါ ကြောင်းညွှန်းဆိုရသော် မှားအံ့မထင် လေးစားစွာမှတ်တမ်းပြုအပ်ပါသည်။